ပရိသတ်အချစ်တွေကို အခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရသ်ထဲရောက်ရှိလာခဲ့ပြီး အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အသည်းကျော်လေးအဖြစ် အနုပညာလောကမှာလျှောက်လှမ်းရပ်တည်နေပြီ ဖြစ်ပါတယ်..။

သူမရဲ့ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ရိုးရှင်းအေးချမ်းတဲ့အလှတရားတွေကိုလည်းပိုင်ဆိုင်ထားပြီး ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေကာ ဆွဲဆေယင်မှုရှိတဲ့အပြုံးလှလှလေးတွေနဲ့လည်း ဖမ်းစားတတ်သူလေးလည်း ဖြစ်ပါတယ်..။

Photo Credit - Poe Kyar Phyu Khin's Fb Acc
Photo Credit - Poe Kyar Phyu Khin's Fb Acc

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း သူမရဲ့ ငယ်ဘဝအမှတ်တရပုံလေးတွေကိုလည်း ထပ်မံမျှဝေလိုက်ပြန်ပါတယ်..။

ပရိသတ်တွေမမြင်ဖူးသေးတဲ့ (၁၅)နှစ်အရွယ်က အမှတ်တရပုံလေးကို မျှဝေထားတာဖြစ်ပြီး ငယ်ငယ်လေးကတည်းက ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Poe Kyar Phyu Khin's IG
Photo Credit - Poe Kyar Phyu Khin's Fb Acc

ငယ်ငယ်လေးကတည်းက ချစ်စရာကောင်းပြီး ငယ်ရုပ်မပြောင်းတဲ့ ပရိသတ်အချစ်တော်မင်းသမီးချောလေး ပိုးကြာဖြူခင်ရဲ့ ငယ်ဘဝပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေလည်း အချစ်ပိုနေကြမယ်လို့ ထင်ပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးတို့ရဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ Stay Home ကာလအချိန်လေးမှာသူမရဲ့ငယ်ဘဝပုံရိပ်လေးကို မျှဝေရင်း အမှတ်တရလေးကို ထုတ်ပြလိုက်တာမို့ ပရိသတ်တွေဘည်း ကျေနပ်သဘောကျနေကြမှာပါနော်..။

Photo Credit - Poe Kyar Phyu Khin's Fb Acc
Photo Credit - Poe Kyar Phyu Khin's Fb Acc

Source & Photo Credit - Poe Kyar Phyu Khin's IG & Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။