ပရိသတ်ကြီးရေ မင်းသမီးချောလေး ပိုးမမှီသာ လေးကတော့ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေနဲ့ ချစ်စရာအပြုံးချိုချိုလေးတွေဖြင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားခဲ့နိုင်တဲ့သူပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း အချစ်တော်လေး ပိုးမမှီသာ က သူမပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ " ပိတောက်ကတဲ့ဂီတ " ရုပ်ရှင်ဇာတ်ကြီး ရိုက်ကူးခဲ့စဉ်က အဖြစ်ပျက်လေးတွေကို အမှတ်တရအနေနဲ့ ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်နော်..။

Photo Credit - Poe Mamhe Thar
Photo Credit - Poe Mamhe Thar

"ဒီဇာတ်ဝင်ခန်းက “ပိတောက်ကတဲ့ဂီတ” ရဲ့ဇာတ်သိမ်းခန်းလေးဆိုပေမယ့် ပထမဦးဆုံးစတင်ရိုက်ကူးခဲ့တဲ့ဇာတ်ဝင်ခန်းလည်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မန္တလေးသင်္ကြန်မှာ နှစ်ညတာရိုက်ကူးခဲ့ရပြီး မြို့တော်ဝန်မဏ္ဍပ်ပိတ်ချိန် ည ၁၁ လောက်ကစလို့ ည ၁ နာရီထိရိုက်ကူးခဲ့ကြပါတယ်။ အထင်ကရငွေငန်းကားကြီးပေါ်မှာသရုပ်ဆောင်ရတာလည်းရင်ခုန်ရတယ် ပရိတ်သတ်တွေအများကြီးကြည့်ရှုနေတဲ့အချိန်မှာသရုပ်ဆောင်ရတာလည်းရင်ခုန်ရတယ် ပျော်စရာတော့ကောင်းနေတာဘဲ....ဒီဇာတ်ကားတစ်ခုလုံးရဲ့ ဇာတ်ဝင်တေးသီချင်းတွေမှာ ပိုးမဒီရဲ့သီဆိုမှုကို ညီမလေး ခင်ပိုးပန်းချီက နောက်ကွယ်ကနေသီဆိုပေးထားတာဖြစ်ပါတယ် သိပ်နားထောင်လို့ကောင်းတာပဲ....

Photo Credit - Poe Mamhe Thar
Photo Credit - Poe Mamhe Thar

သူငယ်ချင်းတွေနဲ့ ကာရာအိုကေမှာအပျော်တမ်းသွားအော်တာလောက်ကလွဲပြီးသီချင်းမဆိုတတ်တဲ့သူဆိုတော့ ဒီဇာတ်ဝင်သီချင်းမှာပါတဲ့ ရတုတွေ မဟာဂီတတွေ သီချင်းအဆွဲအငင်တွေကို သီဆိုဟန်လုပ်တဲ့အခါ မတူမှာစိုးရိမ်လို့ ယဉ်ကျေးမှုတက္ကသိုလ်ကဆရာမက လာရောက်သင်ကြားပေးတာနဲ့ အနည်းငယ်လေ့ကျင့်ဖြစ်ပါတယ် ( အဲ့မှာစသိတာပဲ သီချင်းဆိုတာမလွယ်ဘူးဘဲ ခုထိလည်းမဆိုတတ်ပါဘူး " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ မင်းသမီးချော ပိုးမမှီသာလေးကို အနုပညာလောကမှာ ဒီထပ်မက အောင်မြင်မှုတွေရရှိအောင် ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်..။

Photo Credit - Poe Mamhe Thar
Photo Credit - Poe Mamhe Thar

Photo Credit - Poe Mamhe Thar

Source - Poe Mamhe Thar's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။