ပရိသတ်ကြီးရေ.. သုသုလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ မိတ်ကပ်ညီညီမောင်စမ်းချောင်းကတော့ သူမရဲ့မိတ်ကပ်စွမ်းရည်ပညာတွေအပြင် ပွင့်လင်းပြီး အမြဲအခွီလေးတွေ ပြောတတ်သူမို့ ပရိသတ်တွေအားလုံးက တခဲနက်ချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်..။

ပွင့်လင်းတဲ့ စကားပြောဟန်ပန်တွေအပြင် ပရိသတ်တွေရဲ့ စနောက်မှုတွေကိုလည်း ပြန်လည်စနောက်ကာ ချေပတတ်မှုလေးတွေကလည်း ပရိသတ်တွေကို ဝါးခနဲသဘောကျစေပြီး သူမကို အချစ်ပိုစေတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Nyi Nyi Maung's FB Account
Photo Credit - Nyi Nyi Maung's FB Account

ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေရဲ့ လက်စွဲတော်မိတ်ကပ်ပညာရှင်အဖြစ် ဆယ်စုနှစ်ကျော်ကတည်းက ရပ်တည်လာတဲ့ သုသုကတော့ အခုဆိုရင် ကိုယ်တိုင်သရုပ်ဆောင်ကာ ဇာတ်ကားတွေလည်း ရိုက်ကူးနေပြီး သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်း အမြဲမျှဝေလေ့ရှိသူပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေအတွက် တစ်နေ့တစ်မျိုး မရိုးအောင် အခွီလေးတွေနဲ့ အပျင်းလေးတွေပြေစေတဲ့ သုသုလေးကတော့ အခုတစ်ခါမှာလည်း အခြောက်ဆိုတဲ့စကား အရမ်းရိုင်းတယ်ဆိုပြီး ပညာသားပါပါအခွီလေး ပြောလိုက်ပြန်ပါတယ်နော်..။

Photo Credit - Nyi Nyi Maung's FB Account
Photo Credit - Nyi Nyi Maung's FB Account

"အခြောက် ဆိုတဲ့ စကား အရမ်း ရိုင်းတယ်

Tik Tok ဆော့ပြီး အနုပညာ စွမ်းအားပြတဲ့

အမျိုးသားအနုပညာရှင် လို့ပြော.." ဆိုပြီး အခွီလေး ပြောရင်း ရယ်နေသလို ပရိသတ်တွေကလည်း သူမရဲ့အခွီအပြောလေးကို သဘောကျနေကြရပြန်ပါတယ်နော်..။

ကဲ.. ချစ်ရတဲ့ ပရိသတ်ကြီးရေ.. အခြောက်ဆိုတဲ့စကား အရမ်းရိုင်းတာမို့ သုသုလေးပြောသလို Tik Tok ဆော့ပြီး အနုပညာစွမ်းအားပြတဲ့ အမျိုးသားအနုပညာရှင်ဆိုပြီး အခွီလေးနဲ့ပဲ ပြောကြဖို့ မမေ့ပါနဲ့နော်..။

Photo Credit - Nyi Nyi Maung's FB Account
Photo Credit - Nyi Nyi Maung's FB Account

Source & Photo Credit - Nyi Nyi Maung's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။