Photo credit - Liquipedia

FlyToMoon 2.0 မှာကစားနေတဲ့ core player illidan ကတော့ အသင်းကနေ ထွက်ခွာခဲ့ပြီ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

illidan ထွက်ခွာခဲ့တဲ့ အကြောင်းရင်းကတော့ dota 2 pro ကစားသမားဘဝကနေ ခနတာအနားယူလိုတာကြောင့်ပဲ ဖြစ်ပါတယ်။

illidan အနေနဲ့လည်း 2012 ခုနှစ် 9 လပိုင်းက Virtus.pro အသင်းမှာစတင်ကစားရာကနေ dota 2 pro ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ကစားသမားဘဝ 9 နှစ်အတွင်းမှာ အသင်းပေါင်းတော်တော်များများကို ပြောင်းရွှေ့ခဲ့ပေမယ့် Ti နဲ့တော့ ဝေးကွာနေဆဲပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း illidan ဟာ အနားယူကြောင်းကြေညာခဲ့ပေမယ့် ဘယ်အချိန်ပြန်ထွက်ပေါ်လာမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ.....

MLEsports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။