ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ဘေဘီမောင်ကတော့ အနုပညာလောကထဲကို sexyမော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ Music video တွေနဲ့ ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် အချိုးအစားပြေပြစ်ပြီး မြန်မာဝတ်စုံတွေကိုသာ အများဆုံး ဝတ်ဆင်လေ့ရှိတဲ့ ဘေဘီက ပုရိသယောကျာ်လေး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ သူလေးပဲ ဖြစ်ပါတယ်.......။

Photo credit - Baby Maung's facebook account
Photo credit - Baby Maung's facebook account

ဘေဘီက လတ်တလောမှာတော့ အနုပညာလှုပ်ရှားတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ အိမ်မှာနေရင်း ချစ်ရတဲ့ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် တစ်နေ့တမျိုးမရိုးရအောင် ပုံလေးတွေကို တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ် ။ ပြည်တွင်းခရီးစဥ်တွေကို မကြာခဏထွက်လေ့ရှိတဲ့ ဘေဘီက ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှုတွေ မဖြစ်စဥ်အခါက သွားရောက်ခဲ့တဲ့ မန်းရွှေစက်တော်ဘုရားက သူမရဲ့ မေမေနဲ့အတူ အမှတ်တရရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေဆီကို မျှဝေပေးလါတာပဲ ဖြစ်ပါတယ်.....။

Photo credit - Baby Maung's facebook account
Photo credit - Baby Maung's facebook account

ပုံလေးတွေထဲမှာ ဘေဘီနဲ့ သူမရဲ့ မေမေက နှစ်ယောက်သား ညီအမတွေလို့ ထင်ရလောက်အောင် နုပျိုနေပြီး​ ဘေဘီမောင်က " ကျမမလှပေမယ့် ကျမ မမ အဲ့ ဟုတ်ပါဘူး ကျမ မေမေလှလို့တင်သည်

ရွှေစက်တော်မပိတ်ခင်အချိန်လေးပေါ့ အဲ့တုန်းက ပြည့်ခင်ခင်ဖြစ်နေတာ" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း ဘေဘီမောင်တို့ သားအမိနှစ်ယောက်ရဲ့ ကြည်နှုးပျော်ရွှင်စရာပုံရိပ်လေးတွေကို ကြည့်ရှုရင်း အသည်းယားမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်......။

Photo credit - Baby Maung's facebook account
Photo credit - Baby Maung's facebook account

Source & Photo credit - Baby Maung's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။