အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာရပ်တည်ထားနိုင်တဲ့ မင်းသမီးချောလေးမိုးယုစံကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာထူးချွန်ပြီး ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နေသလို အငြိမ်ကရာတွင်လည်း ကျွမ်းကျင်ပိုင်နိုင်တဲ့ သူမကတော့ နှင်းဆီရင်ခွင်အဖွဲ့သားတစ်ယောက်ပဲဖြစ်ပါတယ်။ 

photo credit : Moe Yu San ' s facebook account
photo credit : Moe Yu San ' s facebook account

သူမကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းတဲ့မိသားစုလေးဘဝကိုခင်ပွန်းနဲ့အတူ တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သားလေးကို အချိန်အပြည့်အဝပေးပြီး ဂရုစိုက်နေတဲ့ သူမကတော့ သရုပ်ဆောင်အလုပ်တွေနဲ့ ဝေးကွာနေပေမယ့်လည်း ကြော်ငြာတွေကိုတော့ ရိုက်ကူးလျက်ရှိနေတာပဲဖြစ်ပါတယ်။ ခေးမေလေးဖြစ်ပေမယ့် နုပျိုလှပပြီး ချစ်စရာကောင်းနေဆဲဖြစ်တဲ့ သူမကတော့ ပရိသတ်တွေ အချစ်ပိုရတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ 

photo credit : Moe Yu San ' s facebook account
photo credit : Moe Yu San ' s facebook account

ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူမကတော့ ယခုမှာ ဖခင်၊ ခင်ပွန်းသည် ၊ သားဖြစ်သူတို့သုံးယောက်ကို လက်စွမ်းပြပြီး အမိုက်စားဆံပင်ကေလေးရရှိအောင် ညှပ်ပေးလိုက်ပါတယ်။ သူမကတော့ " ပါးပါးကိုပါ လက်စွမ်းပြထား ကိုယ်လက်စွမ်းပြထားတာ ၃ယောက်ရှိသွားပါပီ "ဆိုပြီး ဆံပင်ညှပ်ပေးနေတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မိုးယုစံရဲ့ ဆံပင်ညှပ်ပေးနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

SOURCE: Moe Yu San ' s facebook account

photo credit : Moe Yu San ' s facebook account
photo credit : Moe Yu San ' s facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။