ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ သမီးလေးတစ်ယောက်ကိုမွေးဖွားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒီဒီးရဲ့ သမီးချောလေး Treasureလေးကလည်း (၁၀)လကျော်အရွယ်ကိုရောက်ရှိနေပြီး မတ်တပ်စမ်းလျှောက်နေပါပြီနော်။ဒီဒီးတို့ဇနီးမောင်နှံကလည်း သမီးလေးကို ကျန်းကျန်းမာမာ၊လှလှပပလေးကြီးပြင်းလာအောင်သေချာဂရုစိုက်ပေးနေတာဖြစ်ပါတယ်။

Photo Credit:Thidar Khin's Facebook Account
Photo Credit:Thidar Khin's Facebook Account

Treasureလေးက မေမေဒီဒီးနဲ့ချွတ်စွပ်တူပြီး အရမ်းချစ်စရာကောင်းပါတယ်နော်။မေမေဒီဒီးကတော့ အနုပညာအလုပ်တွေကို အနည်းအကျဉ်းပြန်လည်လုပ်ဆောင်နေပေမယ့် သမီးလေးအတွက်ဂရုစိုက်မှုမလစ်ဟင်းအောင်သေချာအချိန်ပေးပါတယ်။ယခုကာလမှာတော့ ဒီဒီးတို့မိသားစုလည်း Stay homeနေကြပြီး အေးအေးချမ်းချမ်းနေထိုင်နေကြတာဖြစ်ပါတယ်။

Photo Credit:Thidar Khin's Facebook Account
Photo Credit:Thidar Khin's Facebook Account

ဒီဒီးဟာဆိုရင် ဟိုးအရင်ကတည်းကသူမကိုချစ်ခင်အပေးကြတဲ့ပရိသတ်အများအပြားကိုပိုင်ဆိုင်ထားပြီး ယခုထိလည်းအောင်မြင်နေဆဲပါ။ဒီဒီးကတော့ ငယ်ငယ်လေးကတည်းက အရမ်းချစ်ဖို့ကောင်းပြီး ချစ်မွှေးပါတဲ့သူလေးပါနော်။အခုဆိုရင်တော့ Treasureလေးလိုပဲ ငယ်ငယ်တုန်းက ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့အရမ်းချစ်ဖို့ကောင်းတဲ့ ပုံလေးတွေကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Sandy Myint Lwin's Facebook Account
Photo Credit:Thidar Khin's Facebook Account
Photo Credit:Thidar Khin's Facebook Account

Source&Photo Credit:Thidar Khin&Sandy Myint Lwin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။