ပရိသတ်တွေရဲ့အချစ်တွေကို ဆယ်စုနှစ်တွေကတည်း ဒိတ်ဒိတ်ကြဲအောင်အြင်မှုတွေနဲ့ အခိုင်အမာရရှိထားတဲ့ ထိပ်တန်းမင်းသမီးချော နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေရပ်နားထားသည့်တိုင်အောင် ပရိသတ်တွေကတော့ ယနေ့အချိန်ထိ တခဲနက်အားပေးချစ်ခင်နေကြသူပဲ ဖြစ်ပါတယ်..။

တချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပေမယ့် အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေရပ်နားကာ ကြင်နာဂရုစိုက်တတ်တဲ့ခင်ပွန်းဖြစ်သူနဲ့အတူ သမီးလေးသုံးယောက်ကို မွေးဖွားပိုင်ဆိုင်ထားကာ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာမို့ ပရိသတ်တွေက အားကျချစ်ခင်နေကြသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Nandar Hlaing's FB Account
Photo Credit - Nandar Hlaing's FB Account
Photo Credit - Nandar Hlaing's FB Account

ပရိသတ်ကြီးတို့ရဲ့အချစ်တော် နန္ဒာလှိုင်ကတော့ ဒီကနေ့လေးမှာပဲ မင်္ဂလာသက်တမ်း(၁၂)နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး ခင်ပွန်းဖြစ်သူကြောင့် အမြဲပျော်ရွှင်ခဲ့ရတဲ့အကြောင်းလေးကိုလည်း ပီတိစကားလေးတွေနဲ့အတူ ကြည်ကြည်နူးနူးလေး ပြောပြလာခဲ့ပါတယ်နော်..။

သူမအနေနဲ့ အိမ်ထောင်ရေးကံကောင်းပြီး မင်္ဂလာသက်တမ်း(၁၂)နှစ်လုံးလုံး စိတ်ချမ်းသာအောင်ထားလို့ အရမ်းပျော်ရတဲ့အကြောင်း ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်စကားဆိုလိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Nandar Hlaing's FB Account
Photo Credit - Nandar Hlaing's FB Account

"၁၂ နှစ်ပြည့်ခဲ့ပြီ

၁၂နှစ်လုံးလုံး စိတ်ချမ်းသာအောင်ထားခဲ့လို့ ကျေးဇူးတင်ပါတယ် ယောကျာ်းရေ

ကျမကံကောင်းပါတယ်.." ဆိုပြီး ခင်ပွန်းဖြစ်သူကြောင့် (၁၂)လုံးလုံးပျော်ရွှင်ရတဲ့အကြောင်းကို ကျေးဇူးတင်စကားလေးဆိုကာ ရေးသားပြောပြထားတာ ဖြစ်ပါတယ်နော်..။

ထို့အပြင် မိဘနှစ်ပါးရန်မဖြစ်လို့ သမီးလေးတွေလည်း ကြောက်ရွံ့မှုတွေ မခံစားရတဲ့အကြောင်းကိုလည်း "ကျမကံကောင်းပါတယ်

လင်နဲ့မယားလျှာနဲ့သွားလို့ တင်စားကြသလို ဒီလျှာနဲ့ ဒီသွားခလုတ်မတိုက်မိကြသေးဘူး (ဒီနေ့အထိပေါ့နော်)

ဖေဖေနဲ့မေမေရန်ဖြစ်ကြလို့ ကြောက်ရွှံ့နေကြရတဲ့ဒုက္ခ သမီးတွေ မခံစားခဲ့ရဘူး.." ဆိုပြီး ကြည်နူးပျော်ရွှင်စွာ ပြောပြထားတာမို့ ပရိသတ်တွေကလည်း ချီးကျူးစကားလေးတွေနဲ့ ကြည်နူးအားကျနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Nandar Hlaing's FB Account
Photo Credit - Nandar Hlaing's FB Account

Source & Photo Credit - Nandar Hlaing's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။