ပရိတ်သတ်ကြီးရေ.....Mrtv-4ရဲ့ ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲလိုလိုဟာဆိုရင်လည်း အောင်မြင်မှုတွေရရှိခဲ့ကြတဲ့ ဇာတ်ကားကောင်းတွေဖြစ်ပြီး ယခုပြသနေဆဲဖြစ်တဲ့ အချစ်ဖွဲ့လေညင်းဆိုတဲ့ဇာတ်လမ်းတွဲဟာလည်း ပရိတ်သတ်အားပေးမှုမြင့်တက်နေတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်နော်။

ဒီဇာတ်လမ်းတွဲလေးကို အနုပညာရှင်တွေများစွာနဲ့ ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အဓိကသရုပ်ဆောင်အနေနဲ့ ‌ကျော်ထက်ဇော်နဲ့သံသာမိုးသိမ့်တို့က သရုပ်ဆောင်ထားတာပါ။

Photo credit-Kyaw Htet Zaw's Facebook acc
Photo credit-Kyaw Htet Zaw's Facebook acc

ကျော်ထက်ဇော်ဟာလည်း 'အမုန်းမှသည်၊ကြယ်ကလေးရဲ့ကောင်းကင်' စတဲ့ဇာတ်လမ်းတွဲများနဲ့ အောင်မြင်မှုရရှိလာတဲ့သူတစ်ယောက်ပါ။

ဒါ့ပြင်သံသာမိုးသိမ့်ဟာလည်း 'မနေ့ကဖြစ်သည်၊ကျွန်မကမိန်းမချော'ဆိုတဲ့ ဇာတ်လမ်းတွဲများနဲ့ ပရိတ်သတ်အားပေးမှုရရှိလာသူလေးဖြစ်ပါတယ်။ ယခုပြသနေတဲ့အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲမှာဆိုရင်လည်း သူတို့နှစ်ဦးဟာ အတွဲညီညီနဲ့အကောင်းဆုံးသရုပ်ဆောင်ထားကြတာပါနော်။

Photo credit-Kyaw Htet Zaw's Facebook acc
Photo credit-Kyaw Htet Zaw's Facebook acc

ကျော်ထက်ဇော်ဟာ မကြာသေးမီကသူ့ရဲ့ Facebookစာမျက်နှာတွင် "မတည့်အတူနေ မမြင်ရင်ချောင်းကြည့်" ဆိုတဲ့captionလေးနဲ့ သံသာမိုးသိမ့်နဲ့အတူရိုက်ထားတဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။

ကဲ....ပရိတ်သတ်တွေအတွက် ဆရာလေးနဲ့မေပျိုဖြူတို့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Kyaw Htet Zaw's Facebook acc
Photo credit-Kyaw Htet Zaw's Facebook acc

Source-Kyaw Htet Zaw's Facebook acc

Photo credit-Kyaw Htet Zaw's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။