ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ခန့်စည်သူ တစ်ခေတ်တစ်ခါက လူကြီး၊ လူငယ်မရွေး အားပေးချစ်ခင်မှုအပြည့်ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ယနေ့အချိန်ထိလည်း အိမ်ထောင်မပြုသေးပဲဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ အလှူအတန်းတွေဇာတ်တိုက်လှူဒါန်းနေတဲ့ ခန့်စည်သူကတော့ ယခုတစ်ခါမှာလည်း အလှူလေးတစ်ခု လှူဒါန်းပြုလုပ်ခဲ့ပါတယ်။

Photo Credit - Kyaw Soe Win
Photo Credit - Kyaw Soe Win

ခန့်စည်သူ ကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း သူ့ရဲ့ အလှူလေးကို " ကျွန်တော့်မွေးနေ့ (အပါတ်စဉ် ကြာသပတေးနေ့)တိုင်း ဆွမ်းဂျိုင့်ပို့နေကျဖြစ်သော တေဇိန္ဒာရာမ ပရိယတ္တိစာသင်တိုက် နှင့် ကျောင်းတိုက်ဝင်းအတွင်းဖွင့်လှစ်ထားသော ကုက္ကိုင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက်ဆန်(၁၀) အိတ်၊ဆီ(၁၀)ပိဿ ၊ ပဲ (၁၀)ပိဿ ငါးပိကြော် အထုပ်(၁၀၀)၊ဆပ်ပြာမှုန့်ထုပ်များ၊ဗလာစာအုပ်များ၊ခေါက်ဆွဲခြောက်ထုပ်များ၊မုန့်များနှင့် ကလေးများအတွက် အလှူငွေများကို လှူဒါန်းခဲ့ကြပြီး ပရဟိတဂေဟာမှ လူငယ်လေးများအတွက် အားပေးစကားများပြောကြားခဲ့ပါတယ်။

Photo Credit - Kyaw Soe Win
Photo Credit - Kyaw Soe Win

ပါဝင်လှူဒါန်းပေးကြပါသော မိတ်ဆွေများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ဤမွန်မြတ်သော ကောင်းမှုတို့ကြောင့် သစ္စာစောင့်ထိန်း သီလကိန်း၍၊မေတ္တာပွားများ၊ခန္တီထားလျှက် ကုသိုလ်တရား ပွားများနိုင်ကြပါစေသော်.." ဆိုပြီးရေးသားထားပါတယ်။ ချစ်ပရိသတ်တွေလည်း မင်းသား ခန့်စည်သူရဲ့ ကုသိုလ်ကောင်းမှု လေးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်...။

Photo Credit - Kyaw Soe Win
Photo Credit - Kyaw Soe Win

Photo Credit - Kyaw Soe Win

Source - Kyaw Soe Win's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။