အဆိုဘက်မှာသာမက သရုပ်ဆောင်ဘက်မှာပါ ထူးချွန် သူတစ်ယောက်ကတော့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲကြိုက်နေရတဲ့ စိုင်းစိုင်းခမ်းလိုင်ပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်များစွာကို အနုပညာလောကမှာ အောင်မြင်မှု မှတ်တိုင်တွေ စိုက်ထူထားနိုင်ခဲ့တဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာအလုပ်တိုင်းကိုလည်း အားလုံးက စောင့်မျှော်အားပေးနေရတာပါ။

Photo Credit- Sai Sai Kham Leng’s Facebook Account
Photo Credit- Sai Sai Kham Leng’s Facebook Account
Photo Credit- Sai Sai Kham Leng’s Facebook Account

စိုင်းစိုင်းဟာ အနုပညာလောကတွင်သာမက စီးပွားရေးဘက်မှာလည်း အောင်မြင်မှုတွေ ရရှိထားတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူ့ရဲ့ မွေးနေ့ပွဲလေးကို အိပ်ခန်းထဲမှာပဲ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ရရှိတဲ့ အလှူငွေတွေကိုလည်း လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Sai Sai Kham Leng’s Facebook Account
Photo Credit- Sai Sai Kham Leng’s Facebook Account
Photo Credit- Sai Sai Kham Leng’s Facebook Account

စိုင်းစိုင်းဟာ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေ သိရှိရအောင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း သူ့ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ နာမည်ကြီးသီချင်းလေးတစ်ပုဒ်ကိုဂီတာသေးသေးလေးနဲ့တီးပြနေတဲ့ စိုင်းစိုင်းရဲ့ Video လေးပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Sai Sai Kham Leng’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။