ပရိသတ်ကြီးရေ.. ဆုမြတ်နိုးဦးလို့ ဆိုလိုက်တာနဲ့ ပွင့်ပွင့်လင်းလင်းဟန်ပန်လေးတွေ အပြုံးလေးတွေနဲ့ အမြဲပျော်ပျော်နေတတ်တဲ့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး တစ်ဦးကို အားလုံးပဲ မြင်ယောင်မိမှာပါနော်..။

ပရိသတ်အချစ်တော်လေး ဆုမြတ်နိုးဦးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မိခင်ဖြစ်သူရုတ်တရက်ဆုံးပါးကွယ်လွန်သွားတဲ့အတွက် လတ်တလောမှာ အရမ်းကို ခက်ခဲနေတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး မိခင်ဖြစ်သူအတွက် ယူကြုံးမရဝမ်းနည်း ပူဆွေးနေရပါတယ်နော်..။

Photo Credit - N-H-K = Hsu Myat Noe Oo's FB Account
Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Fb Page

ဆုမြတ်နိုးဦးရဲ့ မိခင်ဒေါ်သန်းသန်းကြူဟာ ပြီးခဲ့တဲ့မေလ(၃)ရက်နေ့က ဦးနှောက်သွေးကြောပေါက်ပြီး ရုတ်တရက်ဆုံးပါးကွယ်လွန်သွားတာဖြစ်ပြီး သူမအတွက်ကတော့ တကယ်ကို မိုးပြိုသွားသလို ခံစားနေရတဲ့အကြောင်းလေးကိုလည်း မြတ်နိုးက ရင်ဖွင့်ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ မိခင်ဖြစ်သူရဲ့ နာရေးလေးမှာ ဝမ်းနည်းပက်လက်ငိုကြွေး ပူဆွေးနေပေမယ့်လည်း နာရေးလာပရိသတ်တွေကိုလည်း ဝတ္တရားမပျက် ဧည့်ခံကာ ဝမ်းနည်းငိုကြွေးနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ မြင်သူပရိသတ်တွေကို တကယ်ကို စိတ်မကောင်းဖြစ်စေပါတယ်နော်..။

Photo Credit - N-H-K = Hsu Myat Noe Oo's FB Account
Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Fb Page

"သမီး...အမြဲ သတိရနေမှာပါ မေမေ.. ဆိုပြီး ငိုကြွေပူဆွေးနေတဲ့ သူမရဲ့ စိတ်မကောင်းစရာ ဗီဒီယိုဖိုင်လေးကို ဝေမျှထားတာဖြစ်ပြီး ပရိသတ်တွေကလည်း မိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်းလေးတွေပြောကာ အားပေးစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။

မိခက်ဖြစ်သူအတွက် ဝမ်းနည်ကြေကွဲကြောင်းနဲ့ အားပေးစကားလေးတွေပြောကြတဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်ဆွေသူငယ်ချင်း ပရိသတ်တွေကိုလည်း တစ်ယောက်ချင်းစီ ကျေးဇူးတင်စကားလေးပြောထားသလို အသုဘ အခမ်းအနားမှာ လူဦးရေ ၂၀ သာတက်ရောက် ခွင့်ပြုတာမို့ မဖိတ်ကြားနိုင်တဲ့မိတ်ဆွေတွေကိုလည်း နားလည်ခွင့်လွတ်ပေးကြပါဖို့ အြတ်နိုးလေးက စိတ်မကောင်းစွာ ပြောပြထားပါသေးတယ်နော်..။

Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Fb Page
Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Fb Page

Source & Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။