ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချော နန္ဒာလှိုင်ကတော့ ယနေ့အချိန်အထိတိုင်အောင် ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူထားဆဲ ဖြစ်ပါတယ် ။ နန္ဒာလှိုင်က အိမ်ထောင်ကျပြီးသမီးလေးသုံးယောက်ပိုင်ဆိုင်ခဲ့သလို အနုပညာအလုပ်တွေကိုရပ်နားထားခဲ့တာလည်း အချိန်အတော်ကြာနေပြီဖြစ်ပါတယ်။ နန္ဒာလှိုင်အနေနဲ့ အများကအားကျရတဲ့မိသားစုဘဝလေးကို ရရှိထားပြီး အိမ်ထောင်ရေးကံကောင်းခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit -Zay Thiha's FB Acc
Photo Credit -Nandar Hlaing's FB Acc

ဒီနေ့မှာလည်း နန္ဒာလှိုင်က သူမအပေါ်ကောင်းတဲ့ခင်ပွန်းဖြစ်သူရဲ့အကြောင်းကို ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။နန္ဒာလှိုင်က "ကျွန်မကံကောင်းပါတယ် ယောကျာ်းကဖောက်ပြန်လို့စိတ်ဆင်းရဲရတဲ့သောကမခံစားရဘူး (အခုအချိန်ထိပေါ့နော်) FB ကနေလာလာမ hi ကြနဲ့နော်သူ့ account ကိုယ်သုံးသလိုကိုယ့် account လည်းသူသုံးပါတယ်

Photo Credit -Zay Thiha's FB Acc
Photo Credit -Zay Thiha's FB Acc

ကျွန်မကံကောင်းပါတယ် ကျွန်မရဲ့မိဘမောင်နှမတွေကိုကျွန်မလိုလိုက်ချစ်ပေးတဲ့ယောကျာ်းကိုရထားလို့အိမ်ခွဲနေရာကနေဒုတိယသမီးကိုမွေးပြီးတော့မေမေတို့နဲ့ပြန်နေချင်ပါတယ်ဆိုတာချက်ခြင်းလက်ခံ သူ့မိဘလက်ဖွဲ့ထားတဲ့အိမ်ကိုပိတ် မေမေတို့အိမ်ကိုယ်အပျိုတုန်းကနေခဲ့တဲ့အခန်းလေးမှာအခုချိန်ထိပျော်ပျော်ရွှင်ရွှင်လိုက်နေပေးတဲ့ယောကျာ်းပါကျွန်မကံကောင်းပါတယ် ငွေလုံးဝ‌မကိုင်တဲ့ယောကျာ်းရထားလို့ပါ ငွေတွေအားလုံးကျွန်မ account ထဲပဲဝင်ပါတယ်

Photo Credit -Nandar Hlaing's FB Acc
Photo Credit -Nandar Hlaing's FB Acc
Photo Credit -Nandar Hlaing's FB Acc

(ချမ်းသာတဲ့သူကိုယူထားတယ်လို့မပြောပါနဲ့အမွေဆိုတာထိုက်မှရတာပါ လင်ရောမယားရောအလုပ်လုပ်ပါတယ်) သူသုံးစရာရှိရင်ပြန်တောင်းပါတယ် အရမ်းများရင်တော့ပွစိပွစိနည်းနည်းရွတ်ပါတယ် (WLC)တစ်ခုပါဘဲ ဘယ်တော့မှစပရိုက်အတိုက်မခံရပါဘူး စပရိုက်မတိုက်ဘူးလားမေးရင်သူ့မှာပိုက်ဆံမရှိဘူးပိုက်ဆံပေးဆိုလို့ပါ ကျွန်မကလည်းမလိုအပ်တာလုံးဝမဝယ်ပါဘူး"ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေထားတာ ဖြစ်ပါတယ် ။

Source & Photo Credit -Nandar Hlaing's FB Acc

Photo Credit -Nandar Hlaing's FB Acc
Photo Credit -Nandar Hlaing's FB Acc
Photo Credit -Nandar Hlaing's FB Acc
Photo Credit -Nandar Hlaing's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။