ချစ်ရတဲ့ပရိသတ်ကြီးရေ "ကျွန်မက မဟေသီ"ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ မိန်းမချောဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝရရှိတဲ့ သူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး သံသာမိုးသိမ့်ပဲ ဖြစ်ပါတယ်။ သူမက ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်တက်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားပြီး နောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေမှာ ဆက်တိုက်ရိုက်ကူးနေရသူလေးပဲ ဖြစ်ပါတယ်။

Photo credit - Than Thar Moe Theint's facebook account
Photo credit - Than Thar Moe Theint's facebook account

သံသာမိုးသိမ့်က ယခုလက်ရှိမှာ "အချစ်ဖွဲ့လေညင်း "ဆိုတဲ့ MRTV -4ဇာတ်လမ်းတွဲလေးထဲမှာ မေပျိုဖြူဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်နေပြီး ပရိသတ်တွေကလည်း အကြိုက်တွေ့နေကြတာပဲ ဖြစ်ပါတယ်။ သူမက ဇာတ်လမ်းတွဲလေးထဲက ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာပါနော်။ ယခုမှာလည်း သူမက " ကျွန်မမေပျိုဖြူ ဒီလိုက်လိုက်စနေတဲ့တစ်ယောက်ကြောင့် ခေါင်းကိုက်နေရပီ " ဆိုတဲ့ စာသားလေးကိုရေးသားထားတာပဲဖြစ်ပါတယ်။

Photo credit - Than Thar Moe Theint's facebook account
Photo credit - Than Thar Moe Theint's facebook account

စာသားလေးအပြင် ဆွဲဆောင်မှု အပြည့်နဲ့ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲလေးထဲက မေပျိုဖြူရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော် ။ ဒါ့အပြင် သံသာမိုးသိမ့်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ချစ်ရတဲ့ ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်..... ။

Photo credit - Than Thar Moe Theint's facebook account
Photo credit - Than Thar Moe Theint's facebook account

Source & Photo credit - Than Thar Moe Theint's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။