တာချီလိတ်မြို့ ရှင်းမန်နှင့်ရှင်းဒါ ရတနာရွှေဆိုင်၌ ငွေကျပ်သိန်း(၈၀၀)ကျော် တန်ဖိုးရှိ ရတနာပ္စည်းများ ပျောက်ဆုံးမှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ၊ မယ်ခေါင်ရပ်ကွက်ရှိ ရှင်းမန်နှင့် ရှင်းဒါ စိန်၊ ရွှေ ၊ ပလက်တီနမ် ရတနာဆိုင်တွင် အောက်တိုဘာ ၁၂ ရက်နေ့၊ နံနက် က ငွေကျပ်သိန်း(၈၀၀)ကျော် တန်ဖိုးရှိ ရတနာပစ္စည်း များ ပျောက်ဆုံး မှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးချစ်ထူ သည် မိသားစုဝင်များနှင့်အတူ လွယ်တော်ခမ်းကျေရွာအုပ်စု၊ စန်းလုကျေးရွာရှိ ကောက်သစ်စားပွဲသို ့ သွားရောက်နေစဉ် အောက်တိုဘာ ၁၂ ရက်နေ ့၊ နံနက် ၉ နာရီ ခန့်က အိမ်တွင်ကျန်ရစ်ခဲ့သည့်တူမဖြစ်သူက အောက်ထပ်ရှိ ရွှေဆိုင်ရှိုးကေ့စ်အတွင်းထည့်ထားသည့် ရွှေထည်များ ပျောက်ဆုံးနေကြောင်း ဖုန်းဆက် အကြောင်းကြားလာသဖြင့် နေအိမ်သို ့ ပြန်လာပြီး စစ်ဆေးခဲ့ရာ (၆၁.၈) ဂရမ်ရှိ ကျောက်စိမ်း ၊ စိန်၊ ရွှေလက်စွပ် တန်ဖိုးငွေကျပ်(၁၃၄၀၀၀၀၀)ရှိ တစ်ကွင်း၊ (၆.၄)ဂရမ်ရှိ ကျောက်ပြာ၊ စိန်၊ ရွှေလက် စွပ် တန်ဖိုးငွေကျပ် (၆၅၀၀၀၀၀)ရှိ တစ်ကွင်း၊(၇.၁)ဂရမ်ရှိ စိန်၊ရွှေလက်စွပ် တန်ဖိုးငွေကျပ် (၄၁၃၀၀၀၀)ရှိတစ်ကွင်း၊ (၈.၆)ဂရမ်ရှိ စိန်၊ ပလက်တီနမ် လက်စွပ် တန်ဖိုးငွေကျပ်(၄၀၂၀၀၀၀)ရှိ တစ်ကွင်း၊ (၅.၅)ဂရမ်ရှိ စိန်၊ ရွှေလက်စွပ် တန်ဖိုးငွေကျပ်(၂၇၅၈၀၀၀)ရှိ တစ်ကွင်း၊ (၅.၄)ဂရမ်ရှိ ကျောက်နီ၊ စိန်၊ ရွှေလက်စွပ် တန်ဖိုးငွေကျပ်(၅၁၇၂၀၀၀)ရှိ တစ်ကွင်း၊ (၁၂.၉)ဂရမ် ရှိ ကျောက်စိမ်း၊စိန်၊ ရွှေလက်စွပ် တန်ဖိုးငွေကျပ်(၆၉၅၅၀၀၀)ရှိ တစ်ကွင်း၊ (၁၂.၉)ဂရမ် ရှိ ကျောက်စိမ်း စိန်ဆွဲသီး တန်ဖိုးငွေကျပ်(၁၁၄၄၀၀၀၀) တစ်ခု၊ (၉.၂)ဂရမ်ရှိ ကျောက်နီ ဆွဲသီး တန်ဖိုးငွေကျပ် (၁၀၃၆၂၀၀၀)ရှိ တစ်ခု၊ (၈၀.၆)ဂရမ်ရှိ စိန်လက်ကောက် တန်ဖိုးငွေကျပ်(၁၀၃၄၄၀၀၀)ရှိ တစ်ကွင်း၊ (၉.၂၇)ဂရမ်ရှိ ပလက်တီနမ်ဆွဲကြိုး အဝိုင်းပုံ တန်ဖိုးငွေကျပ်(၆၈၉၆၀၀) တစ်ကုံး၊ (၈.၁)ဂရမ်ရှိ ပလက်တီနမ်ဆွဲကြိုး အဝိုင်းပုံ တန်ဖိုးငွေကျပ် (၆၁၇၂၀၀)ရှိ တစ်ကုံး၊ (၅.၂)ဂရမ်ရှိ ပလက်တီနမ်ဆွဲကြိုးအဝိုင်းပုံ တန်ဖိုးငွေ ကျပ်(၃၇၉၃၀၀)တစ်ကုံး၊ (၁၈.၇)ဂရမ်ရှိ ပလက်တီနမ်ဆွဲကြိုးအဝိုင်းပုံ တန်ဖိုးငွေကျပ်(၂၄၆၅၀၀၀)ရှိ တစ်ကုံး၊ (၁၃.၅)ဂရမ်ရှိ ပလက်တီနမ်ဆွဲ ကြိုးအဝိုင်းပုံ တန်ဖိုးငွေကျပ်(၁၀၃၇၉၀၀)ရှိ တစ်ကုံး၊ ကျောက်စိမ်းဆွဲကြိုး တန်ဖိုးငွေကျပ်(၁၇၉၃၀၀၀)ရှိ တစ်ကုံး စုစုပေါင်း တန်ဖိုးငွေကျပ် (၈၂၀၆၃၀၀၀) ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရတနာပစ္စည်းများ ပျောက်ဆုံးမှုအတွက် ပိုင်ရှင်ဖြစ်သူ ဦးချစ်ထူ က တရားလိုပြုလုပ်လျက် အမှုဖွင့်လှစ်တိုင်တန်းရာ တာချီလိတ်မြို့မ ရဲစခန်းက (ပ)၁၉၂/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ၃၈ဝဖြင့် အမှုဖွင့်အရေးယူ ပြီး၊ ရတနာပစ္စည်းများ ဖောက်ထွင်းခိုးယူသူ တရားခံအား အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Credit - တာချီလိတ်ခရိုင်ပြန်/ဆက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။