ဒီနှစ်ဘောလုံးရာသီမှာ စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်းနဲ့အတူ စပိန်လာလီဂါအမှတ်ပေးဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းနောက်ခံလူ ပေါ်တူဂီသား ပီပီအနေဖြင့် ရီးရဲမက်ဒရစ်အသင်းကနေထွက်ခွာတော့မှာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းနဲ့ ဒီရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်တဲ့ ပီပီကို ရီးရဲမက်ဒရစ်အသင်းကတစ်နှစ်သက်တမ်းသာဆက်တိုးရန်စီစဉ်ခဲ့သောကြောင့် ပေါ်တူဂီသား ပီပီအနေဖြင့် အသင်းကနေထွက်ခွာပြီး အခြားကလပ်တစ်သင်းသင်းသို့ပြောင်းရွှေ့ရန်စဉ်စားခဲ့ခြင်းဖြစ်သည်။

ပီပီက သူအနေဖြင့် ရီးရဲမက်ဒရစ်အသင်းတွင် ၁ဝနှစ်ကြာကစားခွင့်ရခဲ့ခြင်းအတွက် ဂုဏ်ယူမိကြောင်း ရီးရဲမက်ဒရစ်အသင်းကိုဘယ်တော့မှ မေ့မည်မဟုတ်ကြောင်းပြောဆိုခဲ့သည်။ အသက် ၃၄နှစ်ရှိ ပီပီကို ပီအကစ်ဂျီ အင်တာမီလန်တို့က စိတ်ဝင်စားမှုရှိနေပြီး ကာယံကံရှင်က အင်္ဂလန်က ကမ်းလှမ်းမှူများရရှိထားကြောင်းပြောဆိုခဲ့သည်။

Source-The Sun

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။