ယူရိုပါလိဂ်ဖလားချန်ပီယံ အင်္ဂလန်ပရိးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားချန်ပီယံ စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်တို့ ယှဉ်ပြိုင်ဗိုလ်လုကစားရမယ့် ဥရောပစူပါဖလားပွဲစဉ်မှာ ဖလားအရယူဖို့အသင့်ဖြစ်နေကြောင်း မန်ချက်စတာယူနိင်တက်ကွင်းလယ်လူဟာရဲရားကပြောကြားလိုက်ပါတယ်။

ဒီရာသီမှာ မန်ချက်စတာယူနိုင်တက်အတွက် ခြေစွမ်းကောင်းတွေပြသထားပြီး မန်ချက်စတာယူနိုင်တက်အသင်းနဲ့အတူ ကွန်မြူနတီဒိုင်း၊ EFLဖလားနဲ့ ယူရိုပါလိဂ်ဖလားရရှိထားသည့်အပြင် မန်ချက်စတာယူနိုင်တက်အသင်း၏ယခုနှစ်အကောင်းဆုံးသမားဆုရရှိထားသူ အန်ဒါဟာရဲရားက စူပါဖလားအရယူမယ်လို့ယခုလိုကြုံးဝါးခဲ့တာပါ။

တစ်ဖက်က ရီးရဲမက်ဒရစ်အသင်းကလည်း ခြေစွမ်းကောင်းတွေပြသထားပြီး ယခုဘောလုံးရာသီမှာ လာလီဂါအမှတ်ပေးဖလားနဲ့ချန်ပီယံလိဂ်ဖလား ရရှိထားပါတယ်။ သြဂုတ်စ်လ ၈ရက်နေမှာကစားကြမယ့် ဥရောပစူပါဖလားပွဲစဉ်မှာ ရီးရဲမက်ဒရစ်ဗိုလ်ဆွဲမလား မန်ချက်စတာယူနိုင်တက်ဗိုလ်ဆွဲမလားဆိုတာ စောင့်ကြည့်ချင်စရာပင်။

Source-Daily Mail Football

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။