ယခုနှစ်မေလ ၂၂ရက်နေ့က အင်္ဂလန်မန်ချက်စတာမြို့ရှိ မန်ချက်စတာအေရီနာမှာ ဖျော်ဖြေကျင်းပခဲ့တဲ့ နာမည်ကျော် အမျိုးသမီးအဆိုတော်ဖြစ်တဲ့ အရီးရားနားဂရမ်ဒီ၏ ဂီတဖျော်ဖြေပွဲအပြီးမှ အကြမ်းဖက် ဗုံးးဖောက်ကွဲမှုဖြစ်ခဲ့ပြီး လူ၂၂ယောက်သေဆုံးကာ လူပေါင်း၁၂ဝကျော်ဒဏ်ရာရှိခဲ့ပါတယ်။

ထိုဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ မန်ချက်စတာမြို့မှ ကလေးငယ်များကို ဆေးရုံသို့သွားရောက်ကာ မန်ချက်စတာယူနိုင်တက်အသင်းက တိုက်စစ်ကစားသမားနဲ့တောင်ပ့ကစားသမားတွေဖြစ်ကြတဲ့ ဂျက်ဆီလင်ဂတ်နဲ့မားကပ်ရက်ဖို့တို့က ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးပြီး အမှတ်တရဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။

မန်ချက်စတာဗုံးပေါက်ကွဲမှုကို ဝမ်းနည်းကြောင်းပြသခဲ့တဲ့အနေဖြင့် မန်ချက်စတာယူနိုင်တက်အသင်းသည် အေဂျက်စ်အသင်းနဲ့ကစားခဲ့သော ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် လက်ပတ်အနက်များဝတ်ဆင်ကစားခဲ့ရုံသာမက အေဂျက်က်ုအနိုင်ယူကာ ရရှိခဲ့သော ယူရိုပါလိဂ်ဖလားသည် မန်ချက်စတာဗုံးကွဲမှုခံခဲ့ရသောပြည်သူများဖို့ရည်းစူးဖြစ်ကြောင်း နည်းပြမော်ရင်ဟိုကပြောကြားခဲ့သည်။

Source-The Sun

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။