မြန်မာ့လက်ရွှေးစင်ဘောလုံးသင်းအနေနဲ့ အတုယူဖို့ကောင်းတဲ့ လုပ်ရပ်တစ်ခုပါ။ အင်္ဂလန်လက်ရွှေးစင်ဘောလုံးကစားသမားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်နဲ့ နားလည်စိတ် ကူညီရိုင်းပင်းလိုစိတ် တိုးတက်အောင် အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်က စီစဉ်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွှေးအသင်းက ကစားသမားအယောက်၂ဝကို အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်က ဗြိတိန်တော်ဝင်ရေတပ်နဲ့အတူ တောထဲရွှံထဲရေအိုင်တွေ ဗွက်တွေထဲမှာ ၄၈နာရီကြာ စစ်တပ်ယူနီဖောင်းအပြည့်ဝတ်ဆင်စေကာ လေ့ကျင့်ခန်းဆင်းစေခဲ့ခြင်းဖြစ်ပါတယ်။

ကစားသမားတွေအနေနဲ့ ထိုကဲ့သို့ လေ့ကျင့်ခဲ့ခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက်ကြား ဆက်သွယ်မှုတွေကောင်းလာစေသလို အသင်းသားစိတ်ဓာတ်အပြည့် ရှိလာစေမယ့်လိုယုံကြည်ကြောင်း ဘဝအတွက်အတွေ့အကြုံကောင်းတစ်ခုဖြစ်လာနိုင်ကြောင်း အင်္ဂလန်နည်းပြဆောက်ဂိတ်က ပြောဆိုခဲ့ပါတယ်။

Source-Mirror Football

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။