ဂျလန်‌ဘီဆာကွင်‌းမှာတစ်‌ဖက်‌တစ်‌ဂိုးစီသ‌ရေကျခဲ့တဲ့မြန်‌မာနဲ့စင်‌ကာပူ


စင်‌ကာပူနိုင်‌ငံ ဂျလန်‌ဘီဆာ အားကစားကွင်‌းကြီးမှာယှဉ်‌ပြိုင်‌ကစားခဲ့ကြတဲ့မြန်‌မာနဲ့စင်‌ကာပူအသင်‌းတို့ဟာ တစ်‌ဖက်‌တစ်‌ဂိုးစီသ‌ရေကျခဲ့ပါတယ်‌။မြန်‌မာအသင်‌းအတွက်‌ဂိုးကို‌တော့ဒုတိယပိုင်‌းမိနစ်‌ ၆၅ ‌မှာ‌အောင်‌သူကသွင်‌းယူထားပြီး နာကျင်‌အချိန်‌ပို ၉၃ မိနစ်‌မှာစင်‌ကာပူက‌ချေပဂိုးပြန်‌သွင်‌းသွားခဲ့တာပါ။

မြန်‌မာအသင်‌းအ‌နေနဲ့ပွဲပြီးခါနီး ‌နောက်‌ဆုံးမိနစ်‌‌တွေမှာဂိုး‌ပေး‌နေရတဲ့ပုံစံကိုလည်‌းဒီပွဲမှာပြင်‌ဆင်‌နိုင်‌ခဲ့ခြင်‌းမရှိတာကို‌တွေ့ရပါတယ်‌။စင်‌ကာပူဟာဒီပွဲရဲ့သ‌ရေရလာဒ်‌‌ကြောင်‌့မြန်‌မာအသင်‌းကို ၁၉၉၃ ခုနှစ်‌ကစပြီး မရှုံးဘူးတဲ့စံချိန်‌‌ကောင်‌းကိုဆက်‌လက်‌ထိန်‌းသိမ်‌းသွားနိုင်‌ခဲ့ပါတယ်‌။မြန်‌မာအသင်‌းဟာစင်‌ကာပူနဲ့‌ခြေစမ်‌းပြီး‌နောက်‌ပွဲစဉ်‌အဖြစ်‌ဇွန်‌လ ၉ရက်‌‌နေ့မှာ‌တော့စင်‌ကာပူလိဂ်‌ချန်‌ပီယံအယ်‌ဘီရက်‌နီဂါတာအသင်‌းနဲ့ထပ်‌မံ‌ခြေစမ်‌းကစားသွားမှာပါ။ဒီ‌နေ့မြန်‌မာအသင်‌းရဲ့ပွဲထွက်‌လူစာရင်‌းအဖြစ်‌

ကျော်ဇင်ထက်၊

ဒေးဗစ်ထန်း၊ဇော်မင်းထွန်း၊ဝင်းမင်းထွဋ်၊သိန်းသန်းဝင်း

ရန်အောင်ကျော်၊တင်ဝင်းအောင်၊ရန်နိုင်ဦး၊စည်သူအောင်၊ မင်းမင်းသူ၊ကျော်ကိုကိုတို့ပါဝင်‌ကစားသွားကြပြီး

လူစားဝင်သူများအဖြစ်‌

ကျော်ဇင်လွင်၊မောင်မောင်လွင်၊အောင်သူ၊မျိုးကိုထွန်းတို့ပါဝင်‌ကစားသွားခဲ့တယ်‌လို့သိရပါတယ်‌။

Source-SFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။