တစ်နယ်တစ်ကြေး ၊ကမ္ဘာတစ်ဖက်စီခွဲနေရတဲ့LDRS ချစ်သူစုံတွဲအတွက်တော့ သာမန်စုံတွဲတွေလို အလွယ်တကူ တွေ့ချင်တဲ့အချိန်တွေ့လို့မရတာကြောင့် ဖုန်းထဲကနေ အချင်းချင်း ဓာတ်ပုံလေးတွေပို့လိုက်နဲ့ အလွမ်းပြေနေကြရတာပါ။

ဒါ့ကြောင့် မိန်းကလေးများအနေနဲ့ တိုင်းတစ်ပါးရောက်နေတဲ့ ကိုယ့်ချစ်ချစ်က ကိုယ့််ကိုလွမ်းလို့အမောပြေကြည့်ဖို့ ဓာတ်ပုံလှလှလေးတွေပို့ခိုင်းလာတဲ့အခါ Effect တွေအရမ်းမပါပဲ သဘာဝကျကျနဲ့ချစ်စရာကောင်းတဲ့ပုံလေးတွေဖြစ်အောင် ဘယ်လိုပို့ကြမလဲ။ ဒီအချက်လေးတွေ သိထားပြီးမှ မွီးတို့ ကိုယ့်ရဲ့ချစ်ချစ်တွေဆီကို ဓာတ်ပုံပို့လိုက်နော်။ ဒါမှ ကိုယ့်ချစ်ချစ်လည်း အလုပ်တွေဘယ်လောက်ပင်ပန်းပန်း ကိုယ့်ဓာတ်ပုံလေးတွေကြည့်ရတာ အမောပြေသွားအောင်ပေါ့။

(၁) အလင်းရောင်က အရာရာပါပဲ

အလင်းရောင်ကောင်းတဲ့နေရာကို ရွေးချယ်ဖို့ သတိပေးပါရစေ။ သင့်ရဲ့ချစ်သူက အခန်းထဲမှာပဲ ရိုက်ပို့ခိုင်းဦးတော့ မီးဖွင့်ဖို့ မမေ့ပါနဲ့။ မှောင်ပြီး ဘာမှမမြင်ရတဲ့ Selfie ပုံကြီးက တောဆန်ရုံသာမက သူ့အတွက်ရော သင့်အတွက်ရော အလကားပါပဲ။ အသုံးမဝင်ပါဘူး။ ဒါကြောင့် “Lighting is everything” ဆိုတာကို လုံးဝမေ့မနေပါနဲ့နော်။

(၂) Mirror Selfie ကို ရွေးချယ်ပါ

Mirror Selfie ကတော့ မိုက်တယ်ဆိုတာ အကုန်သိပါတယ်။ သင့်ချစ်သူလေးတောင်းလို့ ဓာတ်ပုံပို့တော့မယ်ဆိုရင်လည်း Mirror Selfie ကို ရွေးချယ်ခြင်းအားဖြင့် ဆွဲဆောင်မှုရှိပြီး ခေတ်မီတဲ့ Selfie ပုံကို ရရှိမှာပါ။ ချစ်သူလေးက ဓာတ်ပုံလေးပို့ပေးပါလို့ ပြောလာရင် ဘယ်နေရာမှာရိုက်ရင်ကောင်းမလဲ စဉ်းစားခက်မနေပါနဲ့။ Mirror Selfie ကိုသာ ရွေးကြပါ။

(၃) အိမ်သာထဲမှာ မရိုက်ပါနဲ့

အိမ်သာထဲကနေ ဓာတ်ပုံရိုက်ပို့တာမျိုးတွေက ဟိုး ခေတ်အဝေးကြီးမှာ ကျန်ခဲ့ပါပြီ။ အခုလို Selfie ကို ပုံစံဒီဇိုင်းမျိုးစုံနဲ့ အမိုက်စားအပြိုင်အဆိုင်ရိုက်နေတဲ့ခေတ်ကြီးမှာ သူလဲ ယောက်ျားလေးဆိုပေမယ့် ဒီလောက်တော့ မျက်စိပွင့်နားပွင့်ရှိပါတယ်။ အိမ်သာထဲကနေ ရိုက်ပြီး မပို့ပေးလိုက်ပါနဲ့။

(၄) Filter တွေ မသုံးပါနဲ့

နည်းနည်းတော့ သုံးပေါ့နော်။ ဒါပေမယ့် အများကြီးတော့ မသုံးပါနဲ့။ Filter တွေ အများကြီးသုံးတာက နဂိုသင်လှနေတဲ့ Selfie ပုံလေးကိုတောင် ရုပ်ဆိုးသွားစေမှာပါ။ ပြီးတော့ သင့်ချစ်သူကြည့်ချင်တာက Natural Beauty လေးပဲဖြစ်မှာပါ။ ဒါကြောင့် သင် Filter တွေ အများကြီးနဲ့ ပုံတွေပြင်မနေပဲ မိတ်ကပ်လေးသာ လှလှလေးလူးပြီး ရိုက်ပါနော်။

ဒါတွေကတော့ ကောင်မလေးတွေအနေနဲ့ သင်တို့ချစ်သူကို Selfie ပုံလေးတွေပို့ပေးတဲ့အခါ သတိထားရမည့်အချက်လေးတွေနော်။ ဒါမှလည်း သင့်ရဲ့ချစ်သူက သင့်ကို မတွေ့ရပေမယ့်လည်း ချစ်အားပိုနေမှာ ဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် moda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။