၂၀၁၅ ၂၀၁၆ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခံခဲ့ရတဲ့ ရော်နယ်ဒို

ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း ၁၆ ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သလို ဗိုလ်လုပွဲရဲ့ အဆုံးအဖြတ်ပင်နယ်တီကိုလဲ ကန်သွင်းယူပေးခဲ့တဲ့ ရီးရဲတိုက်စစ်မှူး ရော်နယ်ဒိုကတော ့အဲ့ဒီီပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဒီဆုကို Marca နဲ့ Gazzetta dello Sport သတင်းစာတွေရဲ့ စာဖတ်ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့ကြပြီး ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို Mardird's AC Hotel La Finca မှာကျင်းပခဲ့ပါတယ်။

ဒီဆိုကိုလက်ခံရရှိပြီးတဲ့အခါမှာ ရော်နယ်ဒိုက

"ကျွန်တော့်ဘဝမှာ အခုလို မှတ်တိုင်သစ်တွေ ရရှိခဲ့မယ်လို့ တစ်ခါမှမတွေးခဲ့ပါဘူး။ ရာအူးနဲ့ ဒီစတီဖာနိုတို့ရဲ့ စံချိန်တွေကို ချိုးဖျက်နိုင်မယ်လို့ မမျှော်လင့်ခဲ့ဖူးပါဘူး။ ရီးရဲက ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံးကလပ်ဖြစ်တာနဲ့အညီ အသင်းနဲ့အတူသမိုင်းသစ်တွေ ရေးထိုးနိုင်ဖို့ ထပ်မံကြိုးစားသွားမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။

Source: Marca

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။