ယခုနှစ်ဘောလုံးရာသီမှာ ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းအတွက် လိဂ်သွင်းဂိုး ၃၂ဂိုးသွင်းယူကာ ဘွန်ဒက်လီဂါရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး အောဘာမီယန်ကို PSG ကခေါ်ယူရန်ကြိုးပမ်းနေကြောင်းသိရှိရပါတယ်။

ယခုထပ်မံထွက်ရှိလာတဲ့ သတင်းများအရ ပရိးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်ကပါ အသက်၂ရနှစ်ရှိ ဂါဘွန်နိုင်ငံသားအောဘာမီယန်ကိုခေါ်ယူရန် ကြိုးပမ်းလာပြီး PSG အသင်းနဲ့အပြိုင် ငွေကြေးမြောက်များစွာပေး၍ခေါ်ယူရန်ရှိနေကြောင်းသိရှိရသည်။ 

ပရိးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်နည်းပြ မော်ရင်ဟိုသည် အသင်း၏တိုက်စစ်ပိုင်းကို အားဖြည့်မြင့်တင့်ရန်အတွက် အဲဗာတန်တိုက်စစ်မှူးလူကာကူ၊ ရီးရဲမက်ဒရစ်တိုက်စစ်မှူး မိုရာတာတို့အပြင် ယခုဒေါ့မွန်တိုက်စစ်မှူးအောဘာမီယန်တို့ကို ခေါ်ယူရန် မျက်စိကျနေခြင်းဖြစ်သည်။

Source-Mirror Football

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။