ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ လင်းယုန်ငှက်လို့ အမည်ရတဲ့ "The Iolarie" ဇိမ်ခံရွက်လှေ မတော်တဆ ဖြစ်ကာ ဝမ်းနည်းဖွယ် အဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းကို တင်ဆက်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုရွက်လှေကို ၁၈၈၁ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး စစ်အတွင်း ရေငုပ်သင်္ဘောများရန်မှ ကာကွယ်ရေးနှင့် ကင်းလှည့်ရေး တာဝန်များ ထမ်းဆောင်နိုင်ရန် ရွက်လှေမှာ လက်နက်များ တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

လူ ၁၀၀ သာတင်ဆောင်နိုင်တဲ့ The Iolaire ရွက်သင်္ဘောမှာ ထိုနေ့က လူ ၃၀၀ လိုက်ပါလာခဲ့ပြီး အသက်ကယ်အင်္ကျီ ၈၀ နှင့် အသက်ကယ်လှေ နှစ်စီးသာပါရှိခဲ့တာပါ။ The Iolaire ဟာ Lewis and Harris ကျွန်းသို့ မရောက်မီ ကမ်းခြေမှ တစ်ကီလိုမီတာသာ ကွာဝေးသော နေရာမှာ Beasts of Holm ကျောက်ဆောင်ကို တိုက်မိခဲ့တာပါ။ ထိုနေရာဟာ Stornoway ဆိပ်ခံသို့ ရောက်လုနီးနေပြီဖြစ်သော်လည်း လူ ၂၀၅ ဦးသေဆုံးကာ လူ ၄၀ကို သတ္တိကောင်းသူတစ်ဦးက ဖြစ်သလိုစီစဉ်ခဲ့တဲ့ ကြိုးတစ်ချောင်းဖြင့် ကယ်တင်နိုင်ခဲ့တာပါ။

photo credit pngtree

အခြား ၃၉ ဦးမှာမူ ကမ်းခြေသို့ ရောက်အောင်ကူးလာ နိုင်ခဲ့ကြကာ ရွက်သင်္ဘောဟာ အချိန်တိုအတွင်းမှာပင် နစ်မြုပ်သွားခဲ့ပါတယ်။ ထိုနှစ် ဇန်နဝါရီလ ၈ ရက်မှစပြီး ရွက်သင်္ဘောနစ်မြုပ်မှု စုံစမ်းရေး လုပ်ငန်းများ ပြုလုပ်ခဲ့သော်လည်း ၁၉၇၀ ပြည့်နှစ်တိုင် ပြည်သူတွေကို သတင်းထုတ်မပြန်ပေးနိုင်ခဲ့ပါဘူး။ ယခုအခါမှာ The Iolaire နစ်မြုပ်ခဲ့တဲ့ နေရာမှာ အထိမ်းအမှတ် တိုင်တစ်ခုကို စိုက်ထူထားကာ Stornoway ဆိပ်ခံသို့ ဝင်ရောက်လာသူတိုင်းကို ကြေကွဲဖွယ် အဖြစ်အပျက်ဖြင့် အမှတ်ရနေစေခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။