ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံက သစ်ပင် ဘူတာရုံအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဂျပန်နိုင်ငံ၊ ဆိုဆာကာ အရှေ့မြောက်ပိုင်းရှိ နီရာဂါဝါ ကာရာရှီမာ မီးရထားဘူတာရုံ "Neyagawa'a Kayashima Station"ဟာ အခြားဘူတာများနဲ့မတူဘဲ အထူးခြားဆုံး တစ်ခုလို့ ဆိုရမှာပါ။

photo credit pngtree

ကာရာရှီမာ မီးရထားဘူတာရုံကို ၁၉၁၀ ပြည့်နှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ထိုအပင်ကြီးက ဘူတာရဲ့ လက်ယာဘက်မှာရှိနေပြီး နေပူချိန်နှင့် မိုးရွာချိန်များမှာ ခရီးသွားများ နားခိုရာနေရာဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ ကြာတဲ့အထိ မူလအတိုင်းရှိခဲ့သော်လည်း လူဦးရေ တိုးတက်များပြားလာချိန်မှာ ဘူတာရုံကို လူများ အသုံးပြုလာမှုကြောင့် ပြဿနာတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ဒေသ အာဏာပိုင်များဟာ ထိုဘူတာရုံကို တိုးခဲျ့ရန် ၁၉၇၂ ခုနှစ်မှာ အတည်ပြုခဲ့ပြီး ပရုတ်ပင်ကြီးကို ခုတ်လှဲရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

photo credit pngtree

ဒါပေမယ့် ထိုဆုံးဖြတ်ချက်ဟာ ပျက်ခဲ့ပြီး ဘူတာရုံသစ်ကို ပရုတ်ပင်ကြီးပတ်လည်မှာ တည်ဆောက်ခဲ့ရာ ၁၉၈၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ပါတယ်။ အဲ့ဒီနောက် ထိုအပင်ကြီးဟာ ဝတ်ပြုဆောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။ ပရုတ်ပင်ကြီးကို ဘာသာရေးဆိုင်ရာ အထွတ်အမြတ် ထားတဲ့ စာများ ရေးထိုးထားသော သတ္ထုပြားများဖြင့် ကာရံထားကာ မကောင်းသော ကျိန်စာများကို ဖယ်ရှားပေးနိုင်တဲ့ နတ်တစ်ပါးရှိနေသော အထိမ်းအမှတ်လို့လည်း ယူဆကြပါတယ်။ ကူဆူးလို့ အမည်ပေးထားတဲ့ ထိုပရုတ်ပင်ကြီးဟာ အနည်းဆုံး သက်တမ်းနှစ် ၇၀၀ ကျော်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲံ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။