ယခုနှစ်ဘောလုံးရာသီမှာ အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး ၂၅ ဂိုးသွင်းယူထားပေးတဲ့ ဘယ်ဂျီယံသား တိုက်စစ်မှူးလူကာကူကို မန်ချက်စတာယူနိုင်တက်အသင်းနဲ့ ချယ်ဆီးအသင်းတို့ကခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ဒီရက်သတ္တပတ်မှာကစားခဲ့တဲ့ ဘယ်ဂျီယံအသင်းက ချက်အသင်းကို ၂-၁ဂိုးရလဒ်နဲ့အနိုင်ရခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ အဲဗာတန်တိုက်စစ်မှူးလူကာကူက ပထမအပိုင်းအတွက် ပါဝင်ကစားခဲ့ပေးပါတယ်။ အဲဗာတန်တိုက်စစ်မှူးလူကာကူက သူ့အနေနဲ့ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်တွင်ကစားချင်လိုကြောင်းပြောကြားခဲ့ပါတယ်။ 

လူကာကူက ပရီးမီးယားလိဂ်ဖလားကိုရယူလိုကြောင်း ချန်ပီယံလိဂ်လဲကစားချင်ကြောင်း သူ့ကိုအသင်းများစွာကလဲ ဆက်သွယ်ထားကြောင်းမီဒီယာတွေကိုပြောကြားခဲ့တာပါ။ ဒါကြောင့် လူကာကူကိုချိတ်ဆက်နေတဲ့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချယ်ဆီးနဲ့မန်ချက်စတာယူနိုင်တက်ကို လူကာကူတစ်ယောက် ဘယ်အသင်းကိုပြောင်းလာမလဲဆိုတာ စောင့်ကြည့်စရာပင်။

Source-Daily Mail Football

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။