စပိန်လာလီဂါ ရီးရဲမက်ဒရစ်အသင်းအနေဖြင့် အသင်း၏တိုက်စစ်မှူး မိုရာတာကို ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၅၂သန်းဖြင့်ကမ်းလှမ်းခဲ့မှုကို ပယ်ချခဲ့သည်။

စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်း၏တိုက်စစ်မှူး စပိန်လက်ရွှေးစင်တိုက်စစ်မှူး မိုရာတာသည် ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ သွင်းဂိုး၂ဝသွင်းယူပေးထားပြီး စပိန်လာလီဂါအမှတ်ပေးဖလားနဲ့ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးထားသည်။

မန်ချက်စတာယူနိုင်တက်အသင်း၏နည်းပြ မော်ရင်ဟိုသည် အသင်း၏တိုက်စစ်ပိုင်းကို မြင့်တင်ရန်အတွက် အဆုံးသတ်သေချာသည့် တိုက်စစ်မှူးများအားပစ်မှတ်ထားရှာဖွေနေတာဖြစ်ပြီး မိုရာတာကို ပေါင်၅၂သန်းဖြင့်ကမ်းလှမ်းခဲ့သော်လည်း ရီးရဲမက်ဒရစ်အသင်းက ပေါင်ရ၈သန်းခန့် မိုရာတာအတွက်လိုချင်နေကြာင်းသိရှိရသည်။

Source-Sky Sports

Hein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။