ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ လင်းပိုင်တွေအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံမှ လင်းပိုင်တစ်ကောင်ဟာ ပင်လယ်ကြမ်းပြင်သို့ အစာရှာထွက်စဉ် သူ့ရဲ့ နှုတ်သီးကို အကာအကွယ် ပြုရန် ရေမြှုပ်တစ်ခုကို အသုံးပြုခဲ့ကြောင်း အံ့သြဖွယ် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

photo credit pngtree

ထိုလင်းပိုင်ဟာ ရေမြှုပ်ကို အကာအကွယ် ပစ္စည်းတစ်ခု အဖြစ် အသုံးပြုတဲ့ အမူအကျင့်ကို သူ့ရဲ့ မိခင်ထံမှ ဆက်ခံခဲ့တာပါ။ ထိုအမူအရာဟာ လင်းပိုင်များရဲ့ စမတ်ကျသော အကျင့် လက္ခဏာ တစ်ခုဖြစ်ကြောင်း သိပ္ပံ ပညာရှင်များက ယူဆခဲ့ပါတယ်။ လင်းပိုင်များရဲ့ အခြားထူးခြားတဲ့ သွင်ပြင်လက္ခဏာတစ်ရပ်မှာ လေချွန်သံနှင့် တက်ခေါက်သံများကို နားလည်နိုင်တာဖြစ်ပြီး ထိုအသံများကို ဘာသာစကားတစ်ရပ်အဖြစ် အသုံးပြုနိုင်ကာ လင်းပိုင်များကို အမည်များပေးထားနိုင်တာပါ။

photo credit pngtree

လင်းပိုင်တို့ကို လေချွန်သံ၊ တက်ခေါက်သံများဖြင့် ခေါ်ယူနိုင်ပါတယ်။ ၁၉၆၀ ပြည့်နှစ်က ပြုလုပ်ခဲ့တဲ့ အတွေ့အကြုံများအရ လင်းပိုင်စုံတွဲနှစ်ကောင်ဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပုံကို တွေ့ရှိခဲ့ရကာ သူတို့ရဲ့ ထူးခြားသော အပြုအမူကို သူတို့ကိုယ်တိုင် သိရှိနေကြောင်း မြင်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။