ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကျိန်စာ မျက်နှာဖုံးအကြောင်းကို စိတ်ဝင်စားဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင် လှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ထိုမျက်နှာဖုံးကတော့ နယူးဇီလန်နိုင်ငံမှာ "Maori" ဆိုတဲ့ လူမျိုးစု တစ်စုရှိခဲ့ပါတယ်။ ထိုလူမျိုးစုဟာ စစ်တိုက်ထွက်တဲ့အခါ မျက်နှာဖုံးကို ဝတ်ဆင်ပြီး စစ်တိုက်လေ့ရှိပါတယ်။ တစ်ကယ်လို့ စစ်ပွဲမှာ စစ်တိုက်နေရင်း ကျဆုံးသွားခဲ့ရင် သေဆုံးသူရဲ့ ဝိညာဉ်ဟာ နောက်ထပ် စစ်သားတစ်ဦးရဲ့ မျက်နှာဖုံးကို ဝင်ပြီး ကပ်တွယ်ရမယ်လို့ ကျိန်စာတိုက်ခဲ့ကြတာပါ ဖြစ်ပါတယ်။

photo credit pngtree

ဝိညာဉ် ကပ်တွယ်ခံထားရသော မျက်နှာဖုံး ဝတ်ထားမိတဲ့ စစ်သားဟာ ဘယ်တော့မှ ဒဏ်ရာ မရသလို၊ တိုက်ပွဲမှာ သေဆုံးသွားတာမျိုးလည်းမရှိပါဘူး။ ဒါပေမယ့် ထိုမျက်နှာဖုံးကို ဗိုက်ကြီးသည် အမျိုးသမီးနား မထားမိဖို့တော့ အရေးကြီးပါတယ်။ တစ်ကယ်လို့ ဗိုက်ကြီးသည် အမျိုးသမီးနားထားမိတယ်ဆိုရင် အလွန်အန္တရာယ်ရှိပြီး ဥပါဒ်ဖြစ်စေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ English ပြတိုက်တစ်ခုမှာ အမျိုးသမီးများကို သတိပေးစာနှင့်အတူ ထိုမျက်နှာဖုံးကို ပြသထားတာ ဖြစ်ပါတယ်။

source Once A Glance Page

photo credit pngtree 

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။