ယခုနှစ်ဘောလုံးရာသီမှာ ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းမှာ အကောင်းဆုံးခြေစွမ်းပြကစားထားပြီး မိုနာကိုအသင်းလီဂူးအမှတ်ပေးဖလားအဓိက နေရာက ပံပိုးကူညီထားတဲ့ လူငယ်တိုက်စစ်မှူးလေး အမ်ဘတ်ပီကို ဥရောပအသင်းကြီးတိုင်း အရခေါ်ယူလိုချင်နေကြပါတယ်။

အသက်၁၈နှစ်အရွယ်သာရှိသေးတဲ့ ပြင်သစ်လူငယ်ကစားသမားလေး အမ်ဘတ်ပိက ယခုနှစ်ဘောလုံးရာသီမှာ မိုနာကိုအသင်းအတွက် သွင်းဂိုးပေါင်း ၂၆ဂိုးတိတိသွင်းယူပေးထားပါတယ်။ထိုကဲ့သို့ ငယ်ရွယ်ပြီး ဂိုးသွင်းနိုင်စွမ်းကောင်းတဲ့ လူငယ်ကစားသမားကို ဥရောပအသင်းကြီးတွေက ကမ္ဘာ့စံချိန်တင်ကြေးပေးပြီး ခေါ်ယူဖို့ရှိနေတာပါ။

ကနဦးသတင်းအချို့အရ အမ်ဘတ်ပီကို စပိန်လာလီဂါကလပ်ရီးရဲမက်ဒရစ်က ပေါင်၁၁၈သန်းဖြင့်လည်းကောင်း ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုင်တက်ကပေါင်၁၁၃သန်းဖြင့်လည်းကောင်း မန်ချက်စတာစီးတီးကပေါင်၁၀၅သန်းဖြင့်လည်းကောင်း ကမ်းလှမ်းဖွယ်ရှိနေသည့်အပြင် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးကလည်းမိုနာကိုမြို့သို့ရောက်ရှိနေကာ ခေါ်ယူရန်ကြီုးစားနေကြာင်းသိရသည်။

Source-Daily Mail Football

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။