Spoiler Warnings

ဇာတ်လမ်းဆုံးခါနီးလေ ဇာတ်ရှိန်ပိုတက်လေ့ ရှိသော ရုပ်ရှင်ကားကောင်းမျိုး ရုပ်ရှင်ပရိသတ်ကြည့်ချင်ကြသည်မှာအမှန်ပင်ဖြစ်သည်။ Jack Sparrow ရုပ်ရှင်ကားတွေလိုမျိုး The Godfather Trilogy ရုပ်ရှင်တွေလိုမျိုး Batmanရုပ်ရှင်တွေထဲကနာမည်ကျော် The Dark Knight Trilogy လိုမျိုး ရုပ်ရှင်တွေက ကြည့်ရှုသူကိုဇာတ်လမ်းဆုံးခါနီးလေ ပိုဆွဲဆောင်နိုင်လေဖြစ်သည်။ ယခု Rogue One:A Star Wars Story မှာလဲထို့အတူပင်ဖြစ်သည်။ ယခု Rogue One: A Star Wars Story ကား၏အသက်ကတော့ နောက်ဆုံး ၅မိနစ်တွင် ပြသသွားသည့် Darth Vader အခန်းနဲ့ Princess Leia အခန်းတို့ပါဝင်သည့် ဇာတ်ဝင်ခန်း၂ခန်းဖြစ်သည်။

ဇာတ်လမ်းအကျဉ်းမှာEmpire ဘက်ကသိပ္ပံပညာရှင်ဟောင်း Galen ဟာ သူ့သမီးနဲ့မိန်းမနဲ့အတူ ဂြိုလ်တစ်ခုပေါ်မှာပုနိးနေရပြီး အကြောင်းရင်းကတော့ တစ်ချက်ပစ်ရုံနဲ့ဂြိုလ်တစ်ခုလုံးကိုပျက်ဆီးနိုင်တဲ့ Death Star ဆိုတဲ့ဧရာမအာကသယာဉ်ကြီးတည်ဆောက်တဲ့နေရာမှာသူပါဝင်လုပ်ဆောင်ပေးရန် ကြီးကြပ်သူ Director Krennic က အလိုရှိနေတာကြောင့်ဖြစ်ပါတယ်။ Galenအဖမ်းခံရပြီး သူ့မိန်းမသေခဲ့သော်လည်းသမီးလေး Jyn မှာမူပြေးနိုင်ခဲ့ပြီး Galenမိတ်ဆွေSaw Gerrera မှစောင့်ရှောက်ခဲ့ပါတယ်။ ၁၅နှစ်ကြာပြီးတဲ့အခါမှာ Galen က Saw Gerrera ဆီ Imperial pilot Bodhiကနေတစ်ဆင့် Death Star ရဲ့အားနည်းချက်ကို ပို့ပေးခဲ့ရာ တော်လှန်ရေးတပ်မတော်ကသိရှိသွားပြီး Captain Cassian အား ထောင်ကျနေတဲ့Jynကိုကယ်စေပြီး Saw Gerrera ဆီသတင်းသွားယူခိုင်းပါတယ်။ သူ့အဖေရဲ့သတင်းအရ Jyn တို့မှာ Death Star တည်ဆောက်မှုDataရှိရာ Scarif ဂြိူလ်သို့ ဟန်ဆောင်ရုပ်ဖျက်ကာDataသွားခိုးကြရာ.............. 

သုံးသပ်ချက်-ယခု Rogue One ရုပ်ရှင်ကားမှာ Star Wars Episode 4 A New Hope မတိုင်ခင်ရှေ့ကဖြစ်ရပ်တွေဖြစ်ပြီး အာကာသကြီးကို ဧကရာဇ် Palpatine ကအာဏာရှင်ဆန်စွာအုပ်ချုပ်နေချိန်ဖြစ်ပြီး ဒီမိုကရေစီလိုလားသော လွှတ်တော်အဖွဲ့ဝင်အချို့မှ တော်လှန်ရေးတပ်မတော်ဖွဲ့စည်းကာ အာကာသထဲတွင် ဟိုတစ်စဒီတစ်စ စစ်ဖြစ်နေချိန်ဖြစ်လေသည်။ ဧကရာဇ်၏လက်ထောက် Darth Vader မှာလဲ ကြားသူတိုင်းကြောက်ရသူဖြစ်သည်။ Aယခု Rogue One ကားတွင် တီထွင်ဖန်တီးမှုအားကောင်းကောင်းဖြင့် ပြုလုပ်ထားသည့် ဂြိုလ်သားများနဲ့ ပတ်ဝန်းကျင်များ အဆောက်အအုံများစွာသာမက အသံဖန်တီးမှုများမှာလည်း အတိုင်းထက်အလွန်ကောင်းလှပေသည်။ လေဆာသေနတ်တွေနဲ့ပစ်ခတ်နေသည့် တိုက်ပွဲများ အာကာသထဲတွင် လေယာဉ်ပျံများ တိုက်ခိုက်နေပုံ စစ်သားတွေရဲ့အသေခံမှုများသာမက နှစ်ဘက်ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်ပီသစွာကွပ်ကဲနိုင်စွမ်းတွေကိုပါ ရုပ်ရှင်ပရိသတ်တွေမြင်တွေ့ရမှာပါ။

Ratings

IMDb – 8/10

Rotten Tomatoes – 85%

Metacritic – 65 %

Myanmarload – 4.9/5

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။