ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာတစ်လွှား ထူးခြားဆန်းပြား ဟင်းလျာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Rocky Mountain oysters" လို့အမည်ရသော ကျောက်တောင်ကမာ ဟင်းလျာကို တင်ဆက်ပေးသွားမှာပါ။ ထိုထူးခြားတဲ့ ဟင်းတစ်မျိုးကို နွားလေးကြော်၊ မြက်ခင်းကနုကမာ၊ နွားကျောင်းသား စားစရာ၊ မွန်တာနာ မိုးခိုသား အစရှိသဖြင့် အမျိုးစုံခေါ်ဆိုကြတာပါ။

photo credit pngtree

ထိုဟင်းလျာဟာဆိုရင် ဥရောပ အစားအစာတွေရဲ့ ထူးခြားသော အမည်စာရင်းမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကျောက်တောင်ကမာလို့ ခေါ်ကြသော်လည်း အမှန်တော့ ဘယ်ကျောက်တောင်ကမှရရှိတဲ့ ကမာကောင် မဟုတ်ဘဲ နွားငယ်ရဲ့ ဝှေးစေ့သာ ဖြစ်ပါတယ်။ နွားငယ်များကို ဝှေးသင်းလိုက်တဲ့အခါမှာ ရန်လိုစိတ်နည်းပါးသွားပြီး အသားလည်း တိုးလာလေ့ရှိပါတယ်။

photo credit pngtree

ရှေးအခါက မိမိတို့ရဲ့ နွားများအရွယ်ရောက်လို့ အမှတ်အသားပြုတဲ့အခါမှာ ဝှေးသင်းလေ့ရှိပြီး သင်းထားသော ဝှေးစေ့ကို ရေဖြင့်စင်အောင်ဆေးပြီး အပေါ်ခွံများကို ခွာရပါတယ်။ ထို့နောက် အမွှေးအကြိုင်ခပ်ထားတဲ့ ထောပတ်ဖြင့် နယ်ပြီး ကြော်ရတာပါ။ နွားခြံများ နေရာအနှံ့တည်ရှိနေတဲ့ အမေရိကန်အနောက်ပိုင်းနှင့် ကနေဒါနိုင်ငံ အနောက်ပိုင်း နယ်မြေများမှာ နွားဝှေးစေ့ ပေါက်ပွဲများပင် ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။