ပရိသတ်ကြီးရေ မင်းသမီးချော ဝတ်မှုံရွှေရည် ကတော့ သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်အလှတရားတွေကိုပိုင်ဆိုင်ထားသလို ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေကြောင့် ပရိသတ်တွေ ချစ်အားပိုနေရတဲ့ မင်းသမီးချော်လေးပဲဖြစ်ပါတယ်။အနုပညာလောကမှာ အောင်မြင်မှုတွေကိုရရှိထားပြီး ထိပ်တန်းမင်းသမီးတွေထဲကမှ တစ်ယောက်အပါဝင်ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လို ဇာတ်ကောင်မျိုးကိုမဆို သဘာဝကျကျနဲ့ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။

Photo Credit - Adlove Studio
Photo Credit - Adlove Studio

ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေကြောင့်လည်း ဘယ်လိုဖက်ရှင်မျိုးကိုမဆိုဆွဲဆောင်မှုရှိရှိ လိုက်ဖက်တာကြောင့် ပျိုမဒီလေးတွေ အားကျနေရတာဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် ကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲဆိုသလို ဖော်ပြလေ့ရှိတာကိုလည်းတွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ဝတ်မှုံရွှေရည် က ပရိသတ်တွေအလွမ်းပြေအောင် အရင်ကပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Adlove Studio
Photo Credit - Adlove Studio

ဒီပုံလေးတွေထဲမှာတော့ ကြည်လင်ဝင်းပနေတဲ့ အသားရည်လေးကို ပိုမိုပေါ်လွင်စေတဲ့ အနက်ရောင်အမိုက်စားဖက်ရှင်ဝတ်စုံလေးကို ဝတ်ကာ ရင်ခုန်စရာကောင်းလောက်အောင် ညို့အားပြင်းပြင်းနဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ မတူညီးတဲ့ အိုက်တင်တွေနဲ့ ပို့စ်ပေးနေတာလေးတွေကလည်း ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိစေမှာအမှန်ပါနော်..။ ကဲ...ချစ်ပရိသတ်ကြီး မင်းသမီးချောလေး ဝတ်မှုံရွှေရည် ရဲ့ ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Adlove Studio
Photo Credit - Adlove Studio

Photo Credit - Adlove Studio

Source - Wutt Hmone Shwe Yi's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။