ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှား နာမည်ကျော် ဖန်အိမ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Hotel W Barcelona" ဘာစီလိုနာ ဟိုတယ် အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

စပိန်နိုင်ငံရှိ မြို့များဟာ အလယ်ခေတ်လက်ရာ ဗိသုကာ ဒီဇိုင်းများကြောင့် ထင်ရှားခြင်းမရှိသော်လည်း ခေတ်မီ ဗိသုကာ ပုံစံများကြောင့် ကမ္ဘာတွင်ထင်ရှားခဲ့ပါတယ်။ အဲ့ဒီထဲကမှ ဘာစီလိုနာ ကမ်းရိုးတန်းတွင်တည်ရှိတဲ့ ဘာစီလိုနာ ဟိုတယ်ဟာ စပိန်တို့ရဲ့ ခေတ်မီ ဗိသုကာ လက်ရာများအနက် စံပြုရသော ပုံစံဖြစ်ပါတယ်။

photo credit pngtree

ရီကာဒိုဘိုဖေးလ်က ဒီဇိုင်းရေးဆွဲကာ၂၀၀၅ ခုနှစ်တွင်ပြီးစီးခဲ့သော ကြယ်ငါးပွင့်အဆင့်ရှိ ထိုဟိုတယ်တစ်ခုလုံးအား သဘာ၀ အလင်းရောင်ကို ဆင့်ကမ်းယူထားတဲ့ မှန်များဖြင့် တည်ဆောက်ထားတာပါ။ ဟိုတယ်ရဲ့ ပုံစံဟာ ရွက်တစ်ခုနှင့်တူညီနေပြီး ရွက်လွှင့်ဟိုတယ်ဟု အမည်တစ်မျိုးဖြင့်လည်း ထင်ရှားလာခဲ့ပါတယ်။ ဟိုတယ်ရဲ့ ကြီးမားသော မှန်နံရံကြီးများရဲ့ နောက်ကွယ်မှာရှိနေသည့် မြေထဲပင်လယ်ရဲ့ ထူးခြားသောမြင်ကွင်းများကို မြင်နိုင်ရန် ဒီဇိုင်း ပြုလုပ်ထားတာပါ။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။