Photo credit - Supream twitter

လက်ရှိ Ninjas in Pyjamas Dota 2 team ရဲ့ mid player supream^ ကတော့ Czech Republic နိုင်ငံသားတစ်ဦးပဲ ဖြစ်ပါတယ်။

birth date ကတော့ 2000 ခုနှစ် 11 လပိုင်း 10 ရက်နေ့ဖြစ်တာကြောင့် Supream^ရဲ့အသက်ဟာ အခုမ 19 နှစ်ကျော်ကျော်သာ ရှိသေးတာပဲဖြစ်ပါတယ်။

Supream^ dota 2 pro teams တွေမှာစတင်ကစားခဲ့တာကတော့ 2017 ခုနှစ်လောက်ကဖြစ်ပြီး eEriness မှာစတင်ကစားခဲ့တာပဲ ဖြစ်ပါတယ်။

၄င်းအသင်းမှာတော့ Supream^ ဟာ 2017 ခုနှစ် 9 လပိုင်းကနေ 2018 ခုနှစ် 9 လပိုင်းထိ တနှစ်ကျော်ကြာကစားပီးနောက် ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2018 ခုနှစ် 10 လပိုင်းမှာတော့ Supream^ ဟာ Hippomaniacs ကိုပြောင်းရွှေ့ခဲ့ပြီး ၄င်း အသင်းမှာ 2019 ခုနှစ် 11 လပိုင်း 14 ရက်နေ့အထိကစားပြီးနောက် ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Supream^ ဟာ Navi အသင်းရဲ့ captain ဟောင်း SoNNeikO ရဲ့ကမ်းလှမ်းမှူနဲ့အတူ အသစ်ဖွဲ့စည်းခဲ့တဲ့ Chicken Fighters ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Chicken Fighters ကိုအရောက်မှာတော့ Supream^ ဟာ SoNNeikO ရဲ့ဦးဆောင်မှုနဲ့အတူ ပြိုင်ပွဲတော်တော်များများကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့်လည်း ရလာဒ်ကောင်းတွေကို ရရှိပိုင်ဆိုင်ခဲ့ခြင်းတော့မရှိသေးပါဘူး။

အဲ့ဒီနောက် 2020 ခုနှစ် 4 လပိုင်းမှာတော့ Ninjas in Pyjamas dota 2 ဟာ disband ပြုလုပ်ခဲ့ပြီး Chicken Fighters ရဲ့ dota 2 roaster တစ်ခုလုံးကိုခေါ်ယူခဲ့တာကြောင့် အဲ့အချိန်ကစပြီး Supream^ အပါအဝင် Chicken Fighters က players တွေအားလုံးဟာ NiP ရဲ့ players တွေဖြစ်လာခဲ့ပြီး လက်ရှိအချိန်ထိ NiP မှာကစားနေဆဲပဲ ဖြစ်ပါတယ်။

Source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။