သရုပ်ဆောင်မင်းသမီးချောလေး နန်းရွှေအေးကတော့ Miss Universe Myanmar 2017 ပြိုင်ပွဲကြီးမှာ မန္တလေးမြို့ရဲ့ ကိုယ်စားပြု အလှမယ်တစ်ယောက်အဖြစ် ပါဝင်ယှဉ်ပြိုင် ခဲ့တာဖြစ်ပါတယ်။ ဟန်လေးက ရိုးရှင်းတဲ့ မျက်နှာလေးအပြင် ဖြူဝင်းလှပတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားကာ မြင်သူတကာငေးမောရလောက်တဲ့ သူဖြစ်တာကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အများဆုံးရရှိထားသူလည်းဖြစ်ပါတယ်......။

Photo credit - Nan Shwe Aye's Facebook account

သူမကတော့ အလှမယ်တစ်ယောက်ဖြစ်သည်အလျောက် အမြဲတမ်း တက်ကြွလန်းဆန်းပြီး ကိုယ်ကိုယ့်ကို ယုံကြည်မှုအပြည့်နဲ့ လှနေတဲ့ မော်ဒယ်မလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဟန်လေးက ရုပ်ရည်ချောမောရုံသာမကပဲ စိတ်ထားလေးကလည်း မွန်မြတ်ဖြူစင်လွန်းတာကြောင့် ပရိသတ်တွေက သဘောကျနေတာလည်းဖြစ်ပါတယ်။ သူမက အခုနောက်ပိုင်းမှာ မဂ္ဂဇင်းကာဗာဓာတ်ပုံလေးတွေ ကြော်ငြာဗီဒီယိုလေးတွေကို ပါဝင်ရိုက်ကူးလာကာ လူသိများလာတဲ့ အလှမယ်လေးတစ်ဦးပဲဖြစ်ပါတယ်.......။

Photo credit - Nan Shwe Aye's Facebook account

လတ်တလောမှာတော့ ပရိသတ်အချစ်တော်ဟန်လေးက ပုဂံက အမှတ်တရပုံလေးတွေကို တင်ပေးလါရင်း " ဘယ်တတ်နိုင်မလဲ မင်းမရှိတဲ့မြို့မှာမို့ ရင်မအေးရဘူး နေမင်းကြီးလဲ အရမ်းပူတယ် " ဆိုတဲ့ စာသားလေးကိုပါ ရေးသားထားတာလည်း ဖြစ်ပါတယ်။ မော်ဒယ်လ် နန်းရွှေအေးရဲ့ ပုံလေးတွေက လှလွန်းနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ နန်းရွှေအေးရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ချစ်ရတဲ့ ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်..... ။

Photo credit - Nan Shwe Aye's Facebook account

Source & Photo credit - Nan Shwe Aye's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။