အဆိုတော်စန္ဒီမြင့်လွင်ရဲ့ တစ်ဦးတည်းသောသမီးလေးခင်လင်းထင်ကတော့ (၁၀)လ‌ကျော်အရွယ်လေးနဲ့တောင် လူချစ်လူခင်ပေါများနေတာပဲဖြစ်ပါတယ်။Treasureလေးလို့လည်း ခေါ်ဝေါ်ကြပြီး ဒီးဒီနဲ့ ချွတ်စွပ်တူတယ်လို့ ပရိသတ်တွေကမှတ်ချက်ပေးနေကြတာဖြစ်ပါတယ်။ဒီးဒီကလည်း သမီးလေးကို ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာအောင် သေချာဂရုစိုက်စောင့်ရှောက်ပေးတာကြောင့် Treasureလေးက ဝဝကစ်ကစ်လေးကြီးပြင်းလာပါတယ်နော်။

Photo Credit:Sandy Myint Lwin's Facebook page
Photo Credit:Sandy Myint Lwin's Facebook page
Photo Credit:Sandy Myint Lwin's Facebook page
Photo Credit:Sandy Myint Lwin's Facebook page

ဒီးဒီတို့မိသားစုဘဝလေးက သာယာစိုပြေပြီး သမီးလေးရှိလို့လည်း မပျင်းရပါဘူးနော်။ဒီးဒီရဲ့ချစ်ခင်ပွန်းကိုသီဟလွင်ကလည်း သမီးလေးကိုအရမ်းချစ်ပြီး အားတဲ့အချိန်တိုင်းTreasureလေးနဲ့ အတူတူဆော့ကစားပေးပါတယ်။Treasureလေးကတော့ ဖေဖေ၊မေမေတို့ရဲ့ နွေးထွေးတဲ့မေတ္တာတရားတွေကြောင့် အမြဲပျော်ရွှင်နေရတဲ့ကလေးလေးပါနော်။

Photo Credit:Khin Lin Htin-Treasure's Facebook page
Photo Credit:Khin Lin Htin-Treasure's Facebook page
Photo Credit:Khin Lin Htin-Treasure's Facebook page
Photo Credit:Khin Lin Htin-Treasure's Facebook page

Treasureလေးကတော့ ရေကစားရတာကိုအရမ်းကြိုက်နှစ်သက်လို့ ရေဆော့နေရရင် မျက်နှာလေးက ပြုံးရွှင်ရယ်မောနေတာပါနော်။အခုဆိုရင်လည်း Treasureလေးက ရေကူးဝတ်စုံလှလှလေးဝတ်ပြီးတော့ ရေထဲမှာ ပျော်ပျော်ရွှင်ရွှင်ကစားပြီး အသည်းယားစရာကောင်းလောက်အောင် ရယ်မောနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Khin Lin Htin-Treasure's Facebook page
Photo Credit:Khin Lin Htin-Treasure's Facebook page
Photo Credit:Khin Lin Htin-Treasure's Facebook page
Photo Credit:Khin Lin Htin-Treasure's Facebook page

Source&Photo Credit:Khin Lin Htin-Treasure's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။