မင်းသမီးချောလေး စိုးပြည့်သဇင်ဟာ အနုပညာလောကတွင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားသလို သူမရဲ့ကျွမ်းကျင်ပိုင်နိုင်သောသရုပ်ဆောင် မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုကိုရရှိပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ စိုးပြည့်ဟာ အနုပညာလောကမှာလည်း အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားသလို အနေအေးပြီး ဖြူစင်အေးချမ်းသော မျက်နှာလေးကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ 

Photo Credit - Soe Pyae Thazin’s Facebook Account
Photo Credit - Soe Pyae Thazin’s Facebook Account
Photo Credit - Soe Pyae Thazin’s Facebook Account

စိုးပြည့်ဟာ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ သိမ်းပိုက်ရရှိထားတဲ့ မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာတော့ အိမ်မှာနေရင်း မိသားစုနဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ " မမ..သမီးဆံပင်ညှပ်ချင်လို့....

ဟင်

အမကိုယုံလို့လား...မညှပ်ဖူးဘူးနော်...

ဟုတ်ရတယ်...သမီးပူလို့တိုတိုလေးညှပ်ချင်တယ်တဲ့..

အေးအေးဆိုပြီး...တုန်တုန်ရီရီနဲ့ညှပ်ရတာပေါ့...

Photo Credit - Soe Pyae Thazin’s Facebook Account
Photo Credit - Soe Pyae Thazin’s Facebook Account
Photo Credit - Soe Pyae Thazin’s Facebook Account

ညှပ်နေရင်းအားပေးစကားတော့ပြောရသေးတယ်...သမီးမပူနဲ့ပုံတော်တော်ပျက်သွားရင်အမကတုံးတုံးပေးမယ်...ညှပ်ခိုင်းတဲ့သူတော့ကျောချမ်းသွားမလားမသိဘူး..ဘာဘဲဖြစ်ဖြစ်ခုလိုတခါမှမညှပ်ဖူးတဲ့သူကိုယုံယုံကြည်ကြည်ညှပ်ခိုင်းတဲ့ညီမငယ်ကိုကြိုးစားပြီးညှပ်ပေးလိုက်ပါတယ်..." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အိမ်ကညီမလေးကို ကိုယ်တိုင်လက်စွမ်းပြကာ ဆံပင်ညှပ်ပေးနေတဲ့ စိုးပြည့်သဇင်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - Soe Pyae Thazin’s Facebook Account 

Photo Credit - Soe Pyae Thazin’s Facebook Account
Photo Credit - Soe Pyae Thazin’s Facebook Account
Photo Credit - Soe Pyae Thazin’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။