တစ်ချိန်က အနုပညာလောကမှာနာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ စမိုင်းလ်ကတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေခဲ့တာပဲဖြစ်ပြီး ယခုမှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတွေမှာ ပီပြင်စွာသရုပ်ဆောင်ခဲ့ပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရရှိထားခဲ့တဲ့ သူမကတော့ ယခုမှာ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတာပဲဖြစ်ပါတယ်။ 

photo credit : စမိုင်းလ် smile ' s facebook page
photo credit : စမိုင်းလ် smile ' s facebook page

ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားတဲ့ သူမကတော့ အလှူအတန်းတွေမှာလည်း သူမတတ်နိုင်သလောက်ပါဝင်လှူတန်းလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမတို့မိသားစုလေးကတော့ ပရိသတ်တွေလေးစားအားကျရတဲ့ အနုပညာရှင်မိသားစုတွေထဲမှာ အပါအဝင်ဖြစ်ပြီး သူမကတော့ အမြဲပြုံးပျော်ရွှင်စွာနေထိုင်တတ်သူလေးပဲဖြစ်ပါတယ်။ 

photo credit : စမိုင်းလ် smile ' s facebook page
photo credit : စမိုင်းလ် smile ' s facebook page
photo credit : စမိုင်းလ် smile ' s facebook page

သူမကတော့ ယခုမှာ သန့်သန့်ရှင်းရှင်းနဲ့ စားချင်စဖွယ်ဖြစ်အောင် သရက်ပြင်တွေပြုလုပ်နေပြီး မိသားစုစားသောက်ဖို့အတွက် ပြင်ဆင်ပေးနေခဲ့ပါတယ်။ သူမကတော့ " သရက်ပြင်ရပြီရှင် "ဆိုပြီး စားစရာတွေပြုလုပ်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် စမိုင်းလ်ရဲ့ မိသားစုစားသောက်ဖို့ သရက်ပြင်တွေပြုလုပ်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

source  : စမိုင်းလ် smile ' s facebook pageစ 

photo credit : စမိုင်းလ် smile ' s facebook page
photo credit : စမိုင်းလ် smile ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။