အဆိုဘက်တွင်သာမက သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားဆက်လက် လုပ်ကိုင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင်အလုပ်ကို သိပ်မလုပ်တော့ဘဲ အဆိုပိုင်းကိုသာ ပိုမိုအားစိုက်လာတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း  သူမရဲ့ အနုပညာအလုပ်တိုင်းကို  အမြဲအားပေးလျက်ရှိနေတာပဲ  ဖြစ်ပါတယ်။  

Photo Credit - Sandi Myint Lwin’s Facebook Account
Photo Credit - Sandi Myint Lwin’s Facebook Account
Photo Credit - Sandi Myint Lwin’s Facebook Account

ဒီးဒီဟာ ချစ်ရတဲ့ ခင်ပွန်း ၊ သမီးလေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက် ထားနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ သမီးလေးဟာလည်း ပရိသတ်တွေသာမကဘဲ အနုပညာရှင်များကပါ ချစ်မဝဖြစ်နေရတာလည်း ဖြစ်ပါတယ်။ ဒီးဒီရဲ့ လူမှုကွန်ယက်စာမျက်နှာကနေလည်း သမီးလေးရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။

Photo Credit - Sandi Myint Lwin’s Facebook Account
Photo Credit - Sandi Myint Lwin’s Facebook Account
Photo Credit - Thiha Lwin’s IG. Account

အခုမှာလည်း ဒီးဒီရဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်ရဲ့ Instagram လူမှုကွန်ယက်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဖေဖေလေ့ကျင့်ခန်းလုပ်နေတာကို ဘေးကနေထိုင်ကြည့်နေတဲ့ စန္ဒီမြင့်လွင်သမီးလေး Treasure ရဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် Treasure ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - Sandi Myint Lwin’s andThiha Lwin’s Instagram Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။