သရုပ်ဆောင် မင်းသားချော ဇေရဲထက်ကတော့ ပျိုမဒီလေးတွေရဲ့ဝိုင်းဝိုင်းလည်အားပေးခြင်းခံထားရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ဇေရဲထက်က ရုပ်ရည်လေးက ချောမောခန့်ညားသလို အမြဲတမ်းစတိုင်ကျနေတတ်တာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် တစ်ချိန်တုန်းက ဗီဒီယိုဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့တဲ့ ဇေရဲထက်က သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းလို့ ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Alinn Yaung Photography
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

ဇေရဲထက်က သူ့ရဲ့တစ်နေ့တာလှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မျှဝေပေးနေတာ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း ဇေရဲထက်က အိမ်မှာနေရင်း သူကိုယ်တိုင်ဟင်းတွေချက်ပြုတ်လေ့ရှိသလိုတတ်နိုင်သလောက် အလှူအတန်းတွေပြုလုပ်နေတာလည်း ဖြစ်ပါတယ် ။ မနေ့ကတော့ ဇေရဲထက်က ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတွေကို သတိရကြောင်းတင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

ဇေရဲထက်က "videoခေတ်ကောင်းစဉ်က လူငယ်လေးတွေချည်းပါတဲ့ကားလေးတွေ ကြည့်ချင်တယ်ဆိုလို့ ခင်တဲ့သူငယ်ချင်းတွေအကုန်ဖြစ်နိုင်ချေရှိတဲ့လူငယ်တွေကိုခေါ်ပြီး ရိုက်ကူးပေးခဲ့ပါတယ် တစ်ချို့ဆိုကြေးတွေက ကိုယ့်ထက်တောင်မြင့်သွားတော့ အရမ်းပီတိဖြစ်မိပါတယ် သားကြီးတို့ရေ သတိရတယ်" ဆိုပြီး ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဇေရဲထက်ရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Zay Ye Htet's FB Acc

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။