ပရိတ်သတ်ကြီးရေ....Mrtv-4ဇာတ်လမ်းတွဲများရဲ့ အားပေးနှစ်ခြိုက်မှုရရှိထားတဲ့ မင်းသမီးချောဆယ်လီများထဲတွင် ခေးဆက်သွင်လည်းအပါအ၀င်ဖြစ်ပါတယ်။ သူမဟာ နှင်းဆီဇာတ်လမ်းတွဲမှာပီပြင်စွာသရုပ်ဆောင်ထားနိုင်ခဲ့ပြီး သူမကိုနှင်းဆီလို့တောင် ပရိတ်သတ်တွေကချစ်စနိုးခေါ်ကြတာပါ။ ခေးဆက်သွင်ဟာ အေးချမ်းတဲ့အလှမျိုးလေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး တစ်နေ့တစ်ခြားပိုပိုပြီးလှလာတာပါနော်။
ခေးဆက်သွင်ဟာ ခန္ဓာကိုယ်အချိုးအစားလည်းပြေပြစ်လှပတဲ့သူလေးဖြစ်ပြီး လေ့ကျင့်ခန်းတွေလည်းကြိုးစားလုပ်နေတဲ့သူလေးဖြစ်ပါတယ်။ သူမဟာ ပျော်ပျော်နေတတ်တဲ့သူလေးလည်းဖြစ်ပြီး အိမ်မှာနေရင်းနဲ့လည်း တူမတွေနဲ့အတူပျော်ရွှင်စွာနေထိုင်နေတာပါနော်။ ဒါ့ပြင် ခေးဆက်သွင်ဟာ tik tokဗီဒီယိုလေးတွေကိုလည်း ဆော့ပီးတင်ပေးလေ့ရှိပါတယ်နော်။
မကြာသေးမီကလည်း ရွှေထူးရဲ့အသစ်စက်စက်ထွက်ရှိထားတဲ့ မဆယ်လီသားတစ်လီသီချင်းလေးနဲ့ အမိုက်စားtik tokဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ သူမရဲ့ အပြုံးချိုချိုလေးတွေအပြင် အမိုက်စားဟန်ပန်အမူအရာလေးတွေနဲ့တွဲဖက်ကာ ရိုက်ထားတာဖြစ်ပါတယ်။ ပရိတ်သတ်တွေအတွက် ခေးဆက်သွင်ရဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc
Video Credit-Khay Sett Thwin's Tik Tok acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။