အောင်မြင်ကျော်ကြားတဲ့အနုပညာတွေထဲတွင် သရုပ်ဆောင် မင်းသမီးချောလေး စိုးမြတ်နန္ဒာလည်းတစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်များစွာ တိုင်အောင် အနုပညာအလုပ်တွေကိုလုပ်ကိုင်လာခဲ့တာပဲဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုတွေပါ ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒါဒါရဲ့ မြန်မာဆန်တဲ့အလှတွေကြောင့် ပရိသတ်တွေက ချစ်ပြီးရင်းချစ်နေရတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Soe Myat Nandar’s Facebook Page
Photo Credit - Soe Myat Nandar’s Facebook Page
Photo Credit - Soe Myat Nandar’s Facebook Page

တစ်ခေတ်တစ်ခါကလည်း သူမရဲ့ ဖက်ရှင်ဒီဇိုင်းများနဲ့ ဆံပင်ပုံစံများဟာ ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးရေပန်းစားခဲ့တာလည်း ဖြစ်ပါတယ်။ သူမဟာ အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို သိပ်လုပ်တာမတွေ့တော့ပဲ စီးပွားရေးလုပ်ငန်းတွေကိုသာ ဇောက်ချလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သားလေးရဲ့ လိုအပ်ချက်တွေကို လိုလေသေးမရှိအောင် ဂရုစိုက် စောင့်ရှောက်ပေးနေတဲ့ မိခင်ကောင်းတစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit - Soe Myat Nandar’s Facebook Page
Photo Credit - Soe Myat Nandar’s Facebook Page
Photo Credit - Soe Myat Nandar’s Facebook Page

ဒါဒါဟာ လတ်တလော Home Stay ကာလလေးမှာ မိသားစုနဲ့အတူ အိမ်မှာနေထိုင်ကာ အနားယူအပန်းဖြေနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ " ဒီ အရွယ်လေး ချစ်စရာ

ခုများတော့ လူပျိုပေါက်စ ရှုတည်တည်နဲ့ ... ဟွန့်" ဆိုပြီး သားလေးရဲ့ ပုံရိပ်လေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သားလေးရဲ့ကလေးဘဝကပုံရိပ်လေးတွေကိုပြန်လည်ဝေမျှပေးလိုက်တဲ့ ပြည်သူချစ်မင်းသမီးလေးစိုးမြတ်နန္ဒာရဲ့ သတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - Soe Myat Nandar’s Facebook Page

Photo Credit - Soe Myat Nandar’s Facebook Page
Photo Credit - Soe Myat Nandar’s Facebook Page
Photo Credit - Soe Myat Nandar’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။