မင်းသမီးချောလေး နေခြည်ဦးကတော့ အနုပညာလောကကို ဝင်ရောက်လာခဲ့တာ မကြာသေးပေမယ့်လည်း အောင်မြင်မှုများစွာကို ရရှိနေသူလေး ဖြစ်ပါတယ် ။ အလုပ်ကြိုးစားပြီး သရုပ်ဆောင်လည်းတော်တဲ့ နေခြည်ဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ နေခြည်ဦးက ဝေဖန်တိုက်ခိုက်မှုတွေကြားမှာ နာမည်တစ်လုံးနဲ့ရပ်တည်လာနိုင်အောင် ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Beautybynaychi's FB Page
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Beautybynaychi's FB Page

အခုဆိုရင်လည်း နေခြည်ဦးက Beauty Blogger အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ နေခြည်ဦးက အလှအပနဲ့ ကျန်းမာရေးကိုဂရုစိုက်တတ်သလို လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်လေ့ရှိတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ နေခြည်ဦးက အိမ်နေရင်းပုံစံလေးနဲ့ အားကစားလုပ်နေတဲ့ သူမရဲ့သဘာဝဆန်ဆန်ပုံလေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Beautybynaychi's FB Page
Photo Credit-Beautybynaychi's FB Page

လေ့ကျင့်ခန်းနေ့တိုင်းလုပ်တဲ့ နေခြည်ဦးကတော့ အခုဆိုရင် ခန္ဓာကိုယ်လေးက ကျစ်ကျစ်လစ်လစ်လေးဖြစ်ပြီး အရင်ကထက်ပိုလှလာတာပဲ ဖြစ်ပါတယ် ။ နေခြည်ဦးက သူမရဲ့လှုပ်ရှားမှုလေးတွေကိုတင်ပေးလေ့ရှိသလို ပရိသတ်တွေကိုလည်း အားကစားပုံမှန်လုပ်ဖို့ အမြဲတမ်းတိုက်တွန်းလေ့ရှိတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုပိုပြီးလှလာတဲ့ နေခြည်ဦးရဲ့အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Beautybynaychi's FB Page

Photo Credit-Beautybynaychi's FB Page
Photo Credit-Beautybynaychi's FB Page
Photo Credit-Beautybynaychi's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။