ပန်ပန်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်ကြီးတို့ရဲ့ အချစ်တော်သရုပ်ဆောင်မင်းသမီးချော ဆုပန်ထွာကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ပွင့်လင်းတဲ့စကားပြောဟန်ပန်ကြောင့် ပရိသတ်တွေက အမြဲအချစ်ပိုနေကြရတာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးအဖြစ် အခိုင်အမာရပ်တည်နေသလို ချစ်စရာကောင်းလွန်းတဲ့ သားသားလေးကိုလည်း မွေးဖွားထားပြီး ကြည်နူးအားကျစရာမိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်နော်..။

အိမ်ထောင်ရှင်မတစ်ယောက်အဖြစ် မိသားစုကို အချိန်ပေးြဖ်နေတဲ့ ပန်ပန်ကတော့ အခုလို Stay at Home နေရတဲ့အချိန်လေးမှာ အိမ်မှုကိစ္စတွေကို ကိုယ်တိုင်လုပ်ရင်း အလုပ်တွေရှုပ်နေတဲ့ သူမရဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်..။

Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account

အိမ်ရှင်မတစ်ယောက် မိခင်တစ်ယောက်ဖြစ်လာပြီး အိမ်ထောင်တစ်ခုကို ထိန်းသိမ်းရတဲ့အခါ ကြုံတွေ့လာတဲ့အကြောင်းလေးတွေကို ပြောပြရင်း အိမ်မှာလက်ညိုးထိုးခိုင်းလို့ရပေမယ့် ကိုယ်တိုင်ပဲ လုပ်ဖြစ်နေတဲ့အကြောင်းလေးတွေကို ပန်ပန်က ပြောပြထားတာပါ..။

"ကိုယ်‌အနုပညာလုပ်ရင်းရိုးသားစွာကြိုးစားပြီးရှာတဲ့ပိုက်ဆံနဲ့‌ ဆောက်ခဲ့တဲ့ဒီအိမ်လေးအပေါ်တန်ဖိုးထားတဲ့စိတ်။

အိမ်‌ထောင်ကျတော့လည်းဒီအိမ်လေးမှာပဲနေပြီးလင်မယားနှစ်ယောက်ကိုယ့်ခြေထောက်‌ပေါ်ကိုယ်ရပ်ကြိုးစားကြရင်းဘေးခြံကြီးကိုဝယ်။

ခုချိန်ထိကို ဒီအိမ်ကြီးကိုလင်မယားနှစ်ယောက်လုံးစိတ်ကြိုက်ပြင်လို့ဆင်လို့မပြီးနိုင်။ (လင်မယား၂ယောက်စိတ်ထဲဒီအိမ်ကြီးကိုတန်ဖိုးထားတာလေးပြောပါတယ်)

Stay at home နေတဲ့အချိန်ဒီရက်ထဲ ဘုရားခန်းကိုချဲ့လိုက်လို့အကျယ်ကြီးဖြစ်သွားတာတော့ရင်ထဲပီတိအဖြစ်ဆုံးပေါ့။

ကိုယ့်စိတ်ထဲအိမ်ကိုလှလှပပသပ်သပ်ရပ်ရပ်(ဂျောင်ဂျိုဂျောင်ကြားထိ)ပြင်ဆင်ချင်တဲ့စိတ်ကလေးကြောင့်လည်းလုပ်ဖြစ်တာလည်းပါပါတယ်လေ။

အိမ်တစ်အိမ်ထိန်းသိမ်းရတာမလွယ်လှဘူး။ မေကြီးနဲ့အပျိုတုန်းကနေတုန်းကတော့ တစ်အိမ်လုံးလှည့်ကြည့်ဖို့မလို မေကြီးအကုန်တာဝန်ယူတာ၊ ကိုယ်က စားရင်တောင်အပေါ်ယံကူရုံပဲ အခန့်သားထိုင်စားခဲ့ရတာကိုး။

အိမ်ထောင်စကျကတည်းက မေကြီးကကိုယ်နဲ့မနေတော့ပဲ ဒီနေ့ဒီချိန်ထိကိုယ့်ကိုအဝေးကနေသာစောင့်ရှောက်ပေးပါတယ်။ကိုယ့်အိမ်ထောင်ကိုယ်အကောင်းဆုံးထိန်းသိမ်းနိုင်ဖို့နဲ့ကိုယ့်အရည်အချင်းနဲ့ကိုယ် ဒီလမ်းကိုရအောင်ကြိုးစားလျောက်ဖို့ပဲအမြဲပြောပါတယ်။ (တခါတလေ စိတ်ထဲမှာသားလေးရလာတော့ သူများတွေလို အဘိုးအဘွားတွေထိန်းပေးကြတာတို့၊အဒေါ်တွေဦးလေးတွေဝိုင်းထိန်းပေးကြတာတို့မြင်ရင်သိပ်အားကျတာပဲ) သူတို့ခဗျာကံကောင်းလိုက်တာလို့အမြဲပြောမိတာပါ။

အခုတော့အိမ်မှာမီတာခဆောင်လည်းကိုယ်၊ မီးချောင်းကျွန်းတာအစ၊ ရေပိုက်ရေနည်းနေတာအဆုံး၊

ဘေဇင်ကရေပိတ်နေလို့ရေတွေမကျတာမို့ကိုယ်တိုင်နှိုက်ချွတ်ပြင်ရတာကပါသေး။

ရေအားပြင်းအောင်လုပ်တဲ့မော်တာပျက်လို့ပြင်ပါဦးဟဲ့ကတစ်မျိုး။ နောက်ဖေးမြောင်းတွေထဲ‌ဂျောင် ဂျိုဂျောင်ကြား‌တွေ ထဲထိနှိူက်ပြီးရှင်းရတာတစ်မျိုး...

တစ်နေ့တစ်နေ့အိမ်ကလူတွေအားလုံး စားဖို့ Breakfast, Lunch, Dinner ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်နဲ့ စားလိုက်သောက်လိုက်ဖြတ်သန်းရတာတစ်မျိုး...

နေ့စဉ်နဲ့အမျှ ဌက်စာ၊ ငါးစာ၊ ခွေးစာ ခြံထဲကိစ္စလည်းကိုယ်ပဲ...

Roar Roar Kyaw‌ ရဲ့ရစ်နည်းပေါင်းစုံ၊ဖြေရှင်းရတာတစ်မျိုး။ (အပြင်အသွားအလာမရှိတော့သူမွန်းကျပ်နေတယ်ထင်ပါရဲ့)

သူ့များတစ်ခါလေး ဆူမိရင် မေမေကခုနဘာလို့ဆူရတာလည်းကမေးတာ ညအိပ်ခါနီးထိ၊တစ်နေ့လုံးသူ့ရှင်းပြရတာလည်းထပ်ခါထပ်ခါ...

အမေကိုအညိုအမဲစွဲအောင်ဆော့တာကြမ်းတမ်းလွန်းလို့ "ညိုမင်းလွင်"နဲ့ဘာတော်လဲ လို့မေးရတယ်။ သူလုပ်တာအညိုအမဲတွေစွဲလွန်းလို့ပါလေ။

ဒီကြားထဲအိမ်မှူကိစ္စတွေလုပ်ရင်း ဓားသျှတာကြည့်မလား၊ လက်တွေပေါက်တာကြည့်မလား၊တံခါးညပ်မိတာကြည့်မလား၊ ပစ္စည်းတွေမ ရေသန့်ဗူးWatercooler ပေါ် မပြီးတင်လို့ခါးနာတာကြည့်လား၊ ခြေထောက်ပေါ်ပစ္စည်းပြုတ်ကျလို့အညိုအမည်းစွဲတာကြည့်မလား၊ ဆီပူမှန်လို့မျက်နှာနဲ့လက်‌တွေဒဏ်ရာဖြစ်တာကြည့်မလား။

အပူလောင်တာကြည့်မလား ။ တနေ့တစ်မျိုးမရိုးနိုင်အောင်ရသောဒဏ်ရာများ။

အမလေးးးးးးးးး လက်ဆေးပြီး Sanitizerများပွတ်လိုက်ရင် လက်တွေစပ်လို့ တီကောင်ဆားပက်သလို စပ်စလူးခါအော်ရတာများ နေ့တိုင်းဟ။ အနာတစ်ခုက‌ပျောက်ရုံရှိသေး၊နောက်ရှရာကအဆင်သင့်။

အဲ...အိမ်မှာ‌ဆံသဆိုင်တာဝန်လည်းကိုယ်ပဲ။.."ဆိုပြီး ပြောပြထားသလို အလုပ်တွေပင်ပန်းပေမာ့် ပျော်ရတဲ့အကြောင်းလေးကိုလည်း ပန်ပန်က ပြောပြထားပါသေးတယ်..။

Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account

"ပင်ပန်းပေမယ့်ပျော်တာတွေလည်းရေးရပါဦးမယ်။ သားသားဆရာမလေးသင်းသင်းရှိနေတော့ကိုယ်အိမ်အလုပ်လုပ်တုန်းသူကလေးထိန်းပေးတဲ့အပြင်ကိုယ့်ကိုသူအားရင်ကူပေးရှာတာလည်းစိတ်ချမ်းသာရတယ်။ ရဲဘော်လေး အိအိ ကလည်းသူ့အစ်မရှေ့ကလုပ်သမျှနောက်ကနေကြိုးစားပြီးအမှီလိုက်ရှာပါတယ်။ ဒါပေမယ့်မောတာပါပဲ။

ဒါပေမယ့်ခုဆို ဓါတ်ပုံဘောင်ကြားလေးတွေထဲက ဖုန်တွေတစ်စက်မှမရှိတော့ဘူး။

ရေခဲသေတ္တာထဲတစ်ပတ်တစ်ခါသန့်ရှင်းရေးလေး၊ ရေခဲသေတ္တလေးထဲ‌ပြောင်သန့်ရှင်းပြီးမွှေးကြိုင်လို့။

နောက်ဖေးမီးဖိုချောင်ထဲလည်းကိုယ့်စိတ်ကြိုက်ပြောင်ယောင်သေသပ်လို့။

ကိုယ့်အဝတ်ဗီဒို၊ ဖေဖေ့အဝတ်ဗီဒို၊ Roar Roar အဝတ်ဗီဒိုလေးတွေဆိုလည်းသပ်ရပ်လို့။

ကျွန်မရဲ့များပြားလှသောအိန်းက်ျလေးတွေလည်းတစ်ထည်ချင်း လိုတာ၊ပိုတာ၊ဝတ်တာ၊မဝတ်တာ၊သုံးတာ၊မသုံးတာ အို. .. တစ်ထည်ချင်းစိန်ပြေနပြေရှင်းရတဲ့အချိန်‌တွေရနေဟတာမို့

ကြောင်ကြိုချောင်ကြားအမှိုက်တွေကအစစိတ်ကြိုက်ရှင်းခွင့်အချိန်ရတာကိုပျော်နေသောကျွန်မပါ။

ပြောသာပြောဒီညီမနှစ်ယောက်ရှိ‌နေလို့သာ

စိတ်ထဲတော်တော်နေလို့ကောင်းပြီးပျော်နေတာပါ။ ကိုယ်တွေကမိုးလင်းမိုးချုပ်အပြင်ထွက်အလုပ်လုပ်သူဆိုတော့အိမ်ထဲနေရတာဘယ်လိုပျော်မှန်းမသိ။

အိမ်မှာ နေရတာနှစ်လပြည့်တော့မယ်။

ဒီအချိန်တွေမှာကိုယ့်စိတ်ထဲ၊ ရင်ထဲ ဘာမှမရှိပဲစိတ်လွတ်ကိုယ်လွတ်နဲ့စိတ်ချမ်းသာသွားတာအမှန်ပဲ။

နက်ဖြန်ဘယ်သွားရမှာ၊ ဘာအလုပ်ကိစ္စရှိတာဆိုတာ‌တွေလုံးဝမတွေးရတော့ဘူး။ နေ့စဉ်များပြားလှတဲ့ မနက်မိုးလင်းမိုးချုပ်အပြင်ထွက်လုပ်ရတဲ့အလုပ်မှန်သမျှအကုန်ရပ်ထားရတာအမှန်တကယ်တော့တော်တော်ကောင်းတာပါ။

ကိစ္စများမြောင်လူတို့ဘောင်မှာ တကယ်ကြီးဘာမှတွေးစရာမလို၊လုပ်စရာမလို၊ထွက်စရာမလိုတော့တာ။

လူတိုင်းဘဝမှာလှူပ်ရှားရုမ်းကန်ရလွန်းတာတွေကို လောကကြီးကခဏ Pause ဖမ်းပေးထားတာ။ ဘယ်လောက်ကောင်းလိုက်လဲ။ Roar Roar Kyaw ၃နှစ်နဲ့၇လမှာ ရုက်ရှင်ကားတစ်ကားပြီးအောင်မကြည့်ခဲ့ရတဲ့ဘဝ။ ခုကြည့်ရတဲ့အချိန်ရလို့ Covid 19 ကိုကျေးဇူးတင်မိတာ။တကယ်ပါ။

ငယ်ငယ်ကတည်းကစပြီးကျောင်းနေတဲ့အရွယ်နေ့စဉ်တစ်ဘဝလုံးကျောင်းသွားရစာကျက်ရနဲ့ ဘွဲ့ရတဲ့နေ့အထိနေ့စဉ်လှူပ်ရှားရုန်းကန်ရတာ မောခဲ့တာပဲလေ ကျောင်းသားလည်း Stress တွေရှိခဲ့တာပဲ။

ဟော ကိုယ်ဆို ဘွဲ့မရခင်ငယ်ငယ်ကတည်းကအနုပညာအလုပ်တွေစလုပ်ခဲ့ရတာ။

ပန်ပန်မင်းသမီးစဖြစ်ကတည်းက အလုပ်လုပ်ရတာ မိုးလင်းကမိုးချုပ်၊ 1999 ကတည်းက အနုပညာအလုပ်တွေစလုပ်ခဲ့တာ ဒီနေ့ဒီချိန်ထိ အခုဆို 21နှစ်ရှိပြီပေါ့။

အနုပညာလမ်းကြောင်းပေါ်စလျောက်ကတည်းက ရိုးရိုးသားသားမှန်မှန်ကန်ကန်နဲ့ ဘယ်သူ့အပေါ်မှာမှမနာလိုဝန်တိုစိတ်မရှိပဲ အရိုးသားဆုံးကြိုးစားခဲ့တယ်။

အနုပညာအလုပ်မှန်သမျှကိုယ်တတ်စွမ်းသလောက်၊လုပ်နိုင်သလောက်ကြိုးစားလုပ်ခဲ့ရတယ်။ ဒီနေ့ဒီအချိန်ထိလည်းကြိုးစားလုပ်နေရတုန်းပဲ။ ကိုယ်တန်ဖိုးထားပြီးချစ်တဲ့အလုပ်မို့‌ ဘဝမှာနေပျော်တယ်လေ။အနုပညာအလုပ်လုပ်ရတာပင်ပန်း‌ပေမယ့်ကိုယ်ပျော်နေတာပဲ။

ဟော.......အခုအပြင်စီးပွားရှာတဲ့အလုပ်လုံးဝမလုပ်ရ၊ အပြင်မထွက်ရပဲ အိမ်ထောင်ရှင်မအလုပ်တွေလုပ်ရတော့လည်းပင်ပန်းရင်းမောရင်း‌ပျော်နေတာပဲ။

ဒါပေမယ့်အိမ်မှာနေ၊အိပ်ရေးဝဝအိပ်၊အစားဝပြဲနေအောင်အမြဲစားရတော့ ဒီဘဝမှာလည်း ဆုပန်ထွာ ပျော်ပြီးစိတ်ချမ်းသာတာပဲဟ။

ဘုရားရှိခိုးချိန်ပိုရတာတော့ ဘဝမှာ Covid 19 ဖြစ်ချိန် Stay at home မှာကျေးဇူးအတင်ဆုံးပဲ။

ကိုယ့်ရဲ့အသက်အရွယ်က ဘုရားတရားပိုလုပ်ဖို့ကောင်းတဲ့အရွယ်ရောက်လာပြီ။

ကိုယ်မသေသေးလို့သာ ဘုရားတရားကိုလုပ်လို့ရတာ။ တရားတွေရွတ်လို့ဖတ်လို့ ရွတ်ခွင့်ဖတ်ခွင့်ရနေတာ။

တရားထိုင် မှတ်ခွင့်ရနေတာ။

လူ့ဘဝမှာသာကုသိုလ်ကောင်းမှူဆိုတာကိုစိတ်ပါလက်ပါထဲထဲဝင်ဝင်လုပ်လို့ရတာ ဆိုတာလေးအသိဝင်နေတဲ့အခါဘုရားခန်းဆိုတာကို ပီတိတွေနဲ့သွားချင်လာတယ်။ ဘုရားရှိခိုးရတဲ့အချိန်မှာလည်းအေးအေးလူလူနဲ့စိတ်ချမ်းသာစွာစိတ်ချလက်ချရှိခိုးရတဲ့ အချိန်တွေ၊ဒီကံလေးကိုလည်းပီတိအပြည့်နဲ့ Stay at home မှာကျေးဇူးတင်မိပါတယ်။.."ဆိုပြီး ပန်ပန်က ပြောပြထားတာပါနော်..။

အိမ်မှုကိစ္စအဝဝကို ကိုယ်တိုင်အပင်ပန်းခံပြုလုပ်ရင်း ပျော်နေတဲ့အကြောင်းလေးကိုပန်ပန်က ဓာတ်ပုံလေးတွေ မျှဝေရင်း ပြောပြထားတာမို့ ပရိသတ်တွေလည်း အိမ်ထောင်မှုကို နိုင်နင်းတဲ့ ပန်ပန်ရဲ့ပုံရိပ်လေးတွေကို ကြည့်ရင်း သဘောကျနေကြမှာပါနော်..။

Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account

Source & Photo Credit - Supan Htwar's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။