ပရိသတ်တွေချစ်ခင်စွာနဲ့ မခိုင်လေးလို့ခေါ်ကြတဲ့ သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသောချစ်သမီးလေး စံထိပ်ထားဦးဟာ မိခင်လိုပဲ အနုပညာအလုပ်ကို ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ကြော်ငြာများနဲ့ မဂ္ဂဇင်းဓာတ်ပုံများလည်းရိုက်ကူးနေပြီး လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်သည့်အတွက် သူမရဲ့သရုပ်ဆောင်မှုများဟာ သွက်သွက်လက်လက်လေးနဲ့ ချစ်စရာကောင်းနေတာလည်း ဖြစ်ပါတယ်။ 

Photo Credit- San Htate Htar Oo’s Facebook Account
Photo Credit- San Htate Htar Oo’s Facebook Account
Photo Credit- San Htate Htar Oo’s Facebook Account

ထိပ်ထိပ်လေးဟာအသက်ရွယ်ငယ်သေးပင်မယ့်လည်း သွက်လက်ထက်မြက်လွန်းတဲ့ကောင်မလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကချစ်မဝဖြစ်နေရတာပါ။ ရုပ်ရှင်ဇာတ်ကားများရိုက်ကူးမှုမရှိသေးသော်လည်း ကြော်ငြာများနဲ့ပွဲအခမ်းအနားများလည်း တက်ရောက်နေတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုသာမကပဲ ပညာရေးမှာလည်းထူးချွန်သူသမီးလေးကြောင့် မိဘတွေကကြည်နူးပီတိဖြစ်နေရတာပါ။ 

Photo Credit- San Htate Htar Oo’s Facebook Account
Photo Credit- San Htate Htar Oo’s Facebook Account
Photo Credit- San Htate Htar Oo’s Facebook Account

သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း အမြဲဝေမျှပေးလျက်ရှိပြီး အခုမှာလည်း Tik Tok Video လေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ဒါကတော့ ချစ်စရာကောင်းတဲ့ ကလေးဆန်ဆန်ဟန်ပန်အမူအရာလေးတွေလုပ်ပြပြီး Tik Tok ကစားထားတဲ့ စံထိပ်ထားဦးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ထိပ်ခိပ်လေးရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- San Htate Htar Oo’s Facebook and Tik Tok Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။