သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အများဆုံးရရှိထားတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အကယ်ဒမီဆုရှင်လည်းဖြစ်တဲ့ ခင်ဇာခြည်ကျော်က သရုပ်ဆောင်အရည်အချင်းပြည့်ဝသူလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ခင်ဇာခြည်ကျော်က တစ်ခေတ်တစ်ချိန်ကတည်းကနေ အခုချိန်အထိ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။

Photo Credit-Khin Zar Chi Kyaw's FB Acc
Photo Credit-Khin Zar Chi Kyaw's FB Acc
Photo Credit-Khin Zar Chi Kyaw's FB Acc

သားတစ်ယောက်၊သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ခင်ဇာခြည်ကျော်က ကလေးနှစ်ယောက်မေမေဖြစ်ပေမယ့် အခုချိန်အထိ အရွယ်တင်နုပျိုနေဆဲ ဖြစ်ပါတယ် ။ ခင်ဇာခြည်ကျော်က ပျော်ပျော်နေတတ်ပြီး Tik Tok ကစားရတာကိုလည်း ကြိုက်နှစ်သက်သူလေး ဖြစ်ပါတယ် ။ အခုလည်း ခင်ဇာခြည်ကျော်က သူမရဲ့မေမေနဲ့ အပျော်တမ်း Tik Tok ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Khin Zar Chi Kyaw's FB Acc
Photo Credit-Khin Zar Chi Kyaw's FB Acc
Photo Credit-Khin Zar Chi Kyaw's FB Acc

ခင်ဇာခြည်ကျော်က ကလေးသရုပ်ဆောင်ထိပ်ထားသခင်ရဲ့အသံလေးကိုနောက်ခံထားပြီး Tik Tok ကစားပြလိုက်တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာ ခင်ဇာခြည်ကျော်က သူမရဲ့မေမေကို ဖုန်းအကြာကြီးမကြည့်ဖို့ ချစ်စဖွယ်ပုံစံလေးနဲ့ပြောနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်တို့သားအမိရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Khin Zar Chi Kyaw's Tik Tok Acc

Photo Credit-Khin Zar Chi Kyaw's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။