ပရိသတ်ကြီးရေ လူငယ်တွေကြားမှာအရမ်းရေပန်းစားတဲ့ အဆိုတော်နေဝင်းကတော့ နှစ်တွေအကြာကြီးလက်တွဲလာခဲ့တဲ့ ချစ်သူလေးအိမ့်ချစ်ချောနဲ့အတူ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်ပြီဖြစ်ပါတယ်။နေဝင်းတို့ချစ်သူနှစ်ယောက်က မင်္ဂလာဧည့်ခံပွဲကို ဧပြီလထဲမှာကျင်းပဖို့စီစဉ်ထားခဲ့ပေမယ့် Covid19ကြောင့် ရက်ရွေ့လိုက်ရပြီး အကျဉ်းရုံးလက်မှတ်ထိုးလိုက်တာဖြစ်ပါတယ်။

Photo Credit:Nay Win's Facebook Account/YE HTUT PHOTOGRAPHY
Photo Credit:Nay Win's Facebook Account/Amazing Grace
Photo Credit:Nay Win's Facebook Account

ပရိသတ်တွကတော့ နေဝင်းနဲ့အိမ့်ချစ်ချော‌တို့ရဲ့ ချစ်သူဘဝလေးကို အားကျကြပြီး ယခုဇနီးမောင်နှံဖြစ်သွားချိန်မှာလည်း ပိုပြီးချစ်ခင်အားပေးလာကြတာဖြစ်ပါတယ်။နေဝင်းကတော့ သူ့ထက်အသက်ငယ်တဲ့ချစ်ဇနီးလေးကို အစ်ကိုလိုတစ်မျိုး၊ခင်ပွန်းလိုတစ်သွယ် စောင့်ရှောက်ပေးပြီးကြင်နာယုယပေးတဲ့အိမ်ထောင်ဦးစီးကောင်းပါနော်။နေဝင်းတို့နှစ်ယောက်လုံးက ပရိသတ်တွေအရမ်းချစ်ရတဲ့သူတွေဖြစ်လို့ သူတို့ရဲ့လှုပ်ရှားမှုလေးတွေကိုအမြဲစောင့်ကြည့်နေကြနာဖြစ်ပါတယ်။

Photo Credit:Nay Win's Facebook Account
Photo Credit:Nay Win's Facebook Account

အိမ့်ချစ်ချောကလည်း ချစ်ခင်ပွန်းရဲ့အလုပ်တွေကို တတ်နိုင်သလောက်ကူညီပေးပြီး ဇနီးမောင်နှံနှစ်ယောက်ကတော့ အေးအတူပူအမျှချစ်နေကြတာပါနော်။လူငယ်စုံတွဲလေးလည်းဖြစ်တာကြောင့် အပြန်အလှန်စနောက်ကျီစယ်ကြပြီးပျော်စရာကောင်းလှပါတယ်။အခုဆိုရင်လည်း နေဝင်းက"ကိုရီးယားကားလောက်စိတ်အဝင်စားမခံရသောမိမိ"ဆိုပြီး ချစ်ဇနီးလေးကိုဓာတ်ပုံရိုက်ကာစနောက်ထားတာဖြစ်ပါတယ်နော်။

Photo Credit:Nay Win's Facebook Account
Photo Credit:Nay Win's Facebook Account
Photo Credit:Nay Win's Facebook Account

Source&Photo Credit:Nay Win's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။