သရုပ်ဆောင် မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို စတင်ရရှိပြီး အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ "The Sign of love " ဆိုတဲ့ ပထဆုံးဇာတ်လမ်းတွဲကနေ "ကျွန်မက မဟေသီ" ဆိုတဲ့ ဇာတ်လမ်းတွဲလေးတွေအထိ အကောင်းဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်က လက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲအသစ်လေးတစ်ခုကို ရိုက်ကူးနေရတာ ဖြစ်ပါတယ်.....။

Photo credit - Wint Yamone Naing's facebook page
Photo credit - Wint Yamone Naing's facebook page

ထားဝယ်သူလေးဖြစ်တဲ့ ဝင့်ယမုံနိုင်က အမြဲပျော်ပျော်နေတက်ပြီး သွက်လပ်ပေါ့ပါးနေသူတစ်ယောက်လည်းဖြစ်တာကြောင့် ပရိသတ်တွေကလည်း အသည်းယားနေကြတာပါနော်။ လတ်တလောမှာတော့ ဝင့်ယမုံနိုင်က ကိုရိုနာဗိုင်းရပ်ရောဂါတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အိမ်မှာနေရင်း သူမရဲ့ ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် တစ်နေ့တမျိုးမရိုးရအောင် ပုံလေးတွေကို တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ် .......။

Photo credit - Wint Yamone Naing's facebook page
Photo credit - Wint Yamone Naing's facebook page

ယခုမှာလည်း ဖြူဝင်းလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ဝင့်ယမုံနိုင် က သူမရဲ့ လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာကနေ " စောစောအိပ်လည်း အိပ်မပျော်ပါသော" ဆိုတဲ့ စာသားလေးကိုလည်းရေးသားထားပါသေးတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း မင်းသမီးချောလေး ဝင့်ယမုံနိုင် ရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ သူမရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Wint Yamone Naing's facebook page
Photo credit - Wint Yamone Naing's facebook page

Source & Photo credit - Wint Yamone Naing's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။