တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားသူကတော့ သရုပ်ဆောင် မင်းသား နိုင်းနိုင်းပဲ ဖြစ်ပါတယ်။ သူဟာ စမတ်ကျကျဖက်ရှင်လေးတွေကိုသာ အမြဲဝတ်ဆင်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ကွက်တိကျအောင် အိုက်တင်ကောင်းလွန်းတာကြောင့်လည်း ယနေ့ထိတိုင်အောင် အောင်မြင်မှုတွေ ရရှိနေဆဲ ပြည်သူချစ် မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။

Photo Credit - Actor99’s Facebook Page
Photo Credit - Actor99’s Facebook Page
Photo Credit - Actor99’s Facebook Page

သူဟာ ချစ်စရာကောင်းတဲ့ ဇနီး၊သားနဲ့ သမီးတို့နဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇနီးနဲ့ ကလေးတွေဟာ ပြည်ပနိုင်ငံမှာ နေထိုင်လျက်ရှိနေတာပဲဖြစ်ပြီး နိုင်းနိုင်းကတော့ အားလပ်ရက်တိုင်း သွားရောက်လည်ပတ်လေ့ရှိတာလည်း ဖြစ်ပါတယ်။ နိုင်းနိုင်းရဲ့ ဇနီးချောလေးဟာလည်း ကလေးတွေကို လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်တတ်တဲ့ မိခင်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Actor99’s Facebook Page
Photo Credit - Actor99’s Facebook Page
Photo Credit - Chosandy99’s IG Account

အခုမှာလည်း နိုင်းနိုင်းရဲ့ ဇနီး စန္ဒီချိုရဲ့ Instagram လူမှုကွန်ယက်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ တက်ကြွတဲ့ခြေလှမ်းလေးကိုတစ်လှမ်းချင်းလှမ်းကာ အမိုက်စားဖက်ရှင်လေးနဲ့ခပ်မိုက်မိုက်လေး Tik Tok ကစားထားတဲ့နိုင်းနိုင်းရဲ့ချစ်ဇနီးစန္ဒီချိုရဲ့Video လေး ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - Actor 99’s Facebook Page and Chosandy99’s IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။